အိန္ဒိယမျက်လှည့်ဆရာ၏ ခြင်းထဲမှကြိုး မိုးပေါ်ထောင်ပြသည့်ရုပ်သံ ရေပန်းစား

3.7K
အိန္ဒိယနိုင်ငံက ရိုးရာ မျက်လှည့်ဆရာတဦးဟာ ကြိုးတချောင်းနဲ့ သူ့ရဲ့ မျက်လှည့်စွမ်းရည်ကို ပြသခဲ့တာ ဇွန် ၁၇ ရက်က လူမှုကွန်ရက်ပေါ် တက်လာပြီးနောက် ရေပန်းစားနေပါတယ်။
မျက်လှည့်ဆရာက ကြိုးကို ခြင်းတောင်းထဲ ထည့်လိုက်ပါတယ်။ ဒီနောက်မှာတော့ ပရိသတ်ထဲက ကလေးတယောက်ကို ခေါ်ပြီး ခြင်းတောင်းအနားကို ကြည့်ခိုင်းပါတယ်။
ဒီနောက် သူက လက်ထဲကဗုံလေးကို တီးရာမှာတော့ ခြင်းတောင်းထဲက ကြိုးက ထွက်လာပါတယ်။
ဒါပေမယ့် မျက်လှည့်ဆရာက သိပ်သဘောမကျဟန်ပြုကာ ကြိုးကို ခြင်းတောင်းထဲပြန်ထည့်ပြီး မတ်တပ်ရပ်ကာ နောက်တကြိမ် ပြန်ကြိုးစားပါတယ်။
ဒီတကြိမ်မှာတော့ ကြိုးက ခြင်းတောင်းထဲက ထွက်လာပြီး အပေါ်ကို တက်လာရာမှာတော့ ပရိသတ်က ၀ိုင်းသြဘာပေးကြပါတယ်။