A d v e r t i s e m e n t With Us

ချက် ၂-၂ ခရိုအေးရှား (ရုပ်သံဟိုက်လိုက်)

ဇွန် ၁၇ ရက်နေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ယူရိုပြိုင်ပွဲ အုပ်စု (ဒီ) ပွဲစဉ်မှာ ခရိုးအေရှားနဲ့ ချက်အသင်းတို့ ၂ ဂိုးစီ သရေ ကျသွားပါတယ်။ ခရိုအေးရှားအသင်းဟာ ၂ ဂိုးအသာနဲ့ ဦးဆောင် ကစားပြီးမှ ချေပဂိုးတွေ ပြန်လည် ပေးလိုက်ရတာပါ။ ဒီပွဲမှာ ခရိုအေးရှား ခြေစွမ်းအသာနဲ့ ထိမ်းချုပ် ကစားနိုင်ခဲ့ပါတယ်။ ဦးဆောင်ဂိုးကို ၃၇ မိနစ်မှာ ပါဆစ်က သွင်းယူပြီး ဒုတိယဂိုးကို ၅၉ မိနစ်မှာ ရာကစ်တစ်က သွင်းယူပါတယ်။ ချက်အတွက် ချေပဂိုးကို ၇၆ မိနစ်မှာ စကိုဒါက သွင်းယူပြီး ဒုတိယ ချေပဂိုးကို ၈၉ မိနစ်မှာ ပင်နယ်တီကနေတဆင့် နေဆစ်က သွင်းယူပါတယ်။ ဒီပွဲမှာ ခရိုအေးအသင်းရ့ ထိုးဖောက် ကန်သွင်းချက် တော်တော်များများကို ချက်ဂိုးသမား ပီတာချက် လက်စွမ်းပြ ကာကွယ်မှုတွေ လုပ်နိုင်ခဲ့ပါတယ်။ ဒီပွဲ သရေကျလို့ ခရိုအေးရှားက ၄ မှတ်နဲ့ အုပ်စု (ဒီ) ရဲ့ ဒုတိယနေရာမှာ ရပ်တည်နေပြီး ချက်ကတော့ ၁ မှတ်နဲ့ တတိယနေရာမှာ ရှိနေပါတယ်။ ခရိုအေရှားက အုပ်စု နောက်ဆုံးပွဲစဉ်မှာ စပိန်နဲ့ ကစားရမှာ ဖြစ်ပြီး သရေကျရုံနဲ့ ရှုံးထွက်အဆင့်ကို တက်နိုင်မှာပါ။ ချက်ကတော့ တူရကီနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး အနိုင်ရမှ ရှုံးထွက်အဆင့်ကို တက်ဖို့ မျှော်လင့်နိုင်မှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up