လက်ရှိချန်ပီယံ စပိန်က တူရကီကို ၃ ဂိုးပြတ် အနိုင်ရ (ရုပ်သံဟိုက်လိုက်)
ဇွန် ၁၇ ရက်နေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ယူရိုပြိုင်ပွဲ အုပ်စု (ဒီ)မှာ လက်ရှိ ချန်ပီယံ စပိန်အသင်းက တူရကီကို ၃ ဂိုးပြတ်နဲ့ အနိုင်ရသွားပါတယ်။
စပိန်အသင်းဟာ ဒီနှစ်ယူရိုပြိုင်ပွဲမှာ ၂ ဂိုးနဲ့အထက် သွင်းနိုင်တဲ့ အသင်းအဖြစ်လည်း မှတ်တမ်းဝင်သွားပါတယ်။ ဒီပွဲနိုင်လို့ စပိန်ဟာ ရှုံးထွက်အဆင့်ကို တက်ရောက်သွားပါတယ်။
စပိန်အတွက် အနိုင်ဂိုးတွေကို မိုရက်တာနဲ့ နိုလီတိုတို့က သွင်းယူပါတယ်။ ဒီပွဲမှာ စပိန်အသင်းက တဖက်သတ် ဘောလုံးပိုင်ဆိုင်မှု အသာစီးယူနိုင်ခဲ့ပြီး ထိုးဖောက် ကန်သွင်းခွင့် အကြိမ်ရေလည်း ပိုရခဲ့ပါတယ်။
စပိန်ဟာ ယူရိုပြိုင်ပွဲမှာ ၁၄ ပွဲအထိ ရှုံးပွဲမရှိသေးတဲ့ စံချိန်ကို ထိန်းနိုင်ခဲ့ပါတယ်။ ပွဲအပြီးမှာ တူရကီနည်းပြကတော့ တဦးချင်း အမှားကနေ ၂ ဂိုး ပေးလိုက်ရတာလို့ ပြောပါတယ်။
၂ ပွဲဆက်တိုက် ရှုံးတဲ့ တူရကီဟာ အုပ်စုအဆင့်ကနေ လှည့်ပြန်သွားရပြီ ဖြစ်ပါတယ်။ စပိန်ဟာ နောက်ဆုံးပွဲစဉ်မှာ ချက်အသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။