A d v e r t i s e m e n t With Us

ပွဲပြီးခါနီးသွင်းဂိုးဖြင့် အီတလီက ဆွီဒင်ကို အနိုင်ရ (ရုပ်သံဟိုက်လိုက်)

ဇွန် ၁၇ ရက်နေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ယူရိုပြိုင်ပွဲ အုပ်စု (အီး) မှာ နာမည်ကြီး အီတလီက ပွဲပြီးကာနီးသွင်းတဲ့ အနိုင်ဂိုးနဲ့ ဆွီဒင်ကို ကပ်ပြီး အနိုင်ရသွားပါတယ်။ အီတလီအတွက် တလုံးတည်းသော အနိုင်ဂိုးကို ၈၈ မိနစ်မှာ တိုက်စစ်မှူး အက်ဒါက သွင်းယူပါတယ်။ ဒီပွဲနိုင်လို့ အီတလီဟာ ၂ ပွဲကစား ၂ ပွဲနိုင် ၆ မှတ်နဲ့ ရှုံးထွက်အဆင့်ကို တက်ရောက်သွားပါတယ်။ ဆွီဒင်အသင်းဟာ ဒီပွဲမှာ ဘောလုံးပိုင်ဆိုင်မှု အသာနဲ့ ဖိအားပေး ကစားနိုင်ပေမယ့် အီတလီက ထိုးဖောက် ကန်သွင်းခွင့် ပိုရခဲ့ပါတယ်။ အီတလီအသင်း ဒီပွဲမှာ ထိထိရောက်ရောက် ထိုးဖောက် ကန်သွင်းခွင့်တော့ မရပါဘူး။ အီတလီအသင်း နောက်တန်းသမား ချယ်လိုင်နီ ခြေစွမ်းပြနိုင်လို့ အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ အီတလီဟာ အုပ်စုနောက်ဆုံး ပွဲစဉ်မှာ အိုင်ယာလန်နဲ့ ယှဉ်ပြိုင်ရမှာပါ။ ဆွီဒင်ကတော့ ဘယ်ဂျီယံနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး အနိုင်ရရင် နောက်တဆင့်ကို တက်ဖို့ မျှော်လင့်နိုင်မှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up