Home
မြန်မာသတင်း
မြန်မာသံရုံးနှင့် အလုပ်သမားအဖွဲ့များ ထိုင်းရောက်မြန်မာလုပ်သားကိစ္စဖြေရှင်း
အေးနိုင်
·
June 17, 2016
MAT 2
ထိုင်းနိုင်ငံ ချွန်ပူရီခရိုင်မှာရှိတဲ့ လက်အိတ်စက်ရုံမှာ အလုပ်သမားတွေရဲ့ တောင်းဆိုချက်ကို ဒီကနေ့ မြန်မာသံရုံးနဲ့ ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ချုပ် (MAT) က တာဝန်ရှိသူတွေ သွားရောက်ကူညီဖြေရှင်းပေးခဲ့ကြပါတယ်။ မြန်မာသံရုံး အလုပ်သမားသံအရာရှိ ဦးအောင်ကိုသန်းနဲ့ MAT ဒါရိုက်တာ ဦးကျော်သောင်းတို့ဟာ ထိုင်းအစိုးရတာဝန်ရှိသူတွေနဲ့အတူ PAT လက်အိတ်စက်ရုံက အလုပ်သမား ၈၀ ခန့်ကို အလုပ်ရှင်က လစာထဲက ငွေကြေးတွေဖြတ်တောက်တာနဲ့ ပတ်သက်လို့ သွားရောက်ကြားဝင်ဖြေရှင်းခဲ့ကြတာဖြစ်တယ်လို့ ကူညီဖြေရှင်းသူတွေက ဒီဗွီဘီကို ပြောပါတယ်။ အလုပ်ရှင်ဘက်က လက်ရှိကိုင်ဆောင်နေတဲ့လက်မှတ်တွေဟာ တရားဝင်ပြီး သက်တမ်းကျန်ရှိပေမယ့် MOU အဆင့် နှစ်နိုင်ငံ အစိုးရချင်းဆက်သွယ်ဆောင်ရွက်တဲ့ အလုပ်သမားအဆင့်ကို ရောက်ရှိဖို့ လက်မှတ်အတွက် ကောက်ယူတာဖြစ်တယ်လို့ ပြန်လည်ဖြေရှင်းခဲ့ပါတယ်။ အလုပ်ရှင်က အလုပ်သမားတွေဆီက ပျမ်းမျှခြင်း ဘတ်ငွေ ၇၅၀၀ နဲ့ ၁ သောင်းကျော်ခန့် ဖြတ်ယူထားတဲ့ကိစ္စကို အလုပ်သမားတွေက မကျေနပ်လို့ တိုင်ကြားခဲ့တာဖြစ်ပါတယ်။ အလုပ်သမား၊ အလုပ်သမားသံအရာရှိ၊ အလုပ်ရှင်နဲ့ အလုပ်သမားအရေးကူညီသူတွေ တေ့ဆိုင်ဖြေရှင်းရာမှာ ထိုင်းနိုင်ငံရဲ့ ဥပဒေအတိုင်း ဆောင်ရွက်တာကို ထိုင်းအလုပ်ရှင်က ရှင်းပြပြီး တကယ်လို့ အဆိုပါဖြတ်တောက်ငွေနဲ့ MOU အဆင့်လက်မှတ်ရရင် စက်ရုံမှာ အလုပ်ဆက်လုပ်နိုင်ကြောင်း၊ ဒီလိုမှမဟုတ်ဘဲ ပိုက်ဆံပြန်လည်ယူမယ်ဆိုရင်လည်း ပြန်ပေးမှာဖြစ်ပြီး အလုပ်သစ်ရှာနိုင်ကြောင်း ပြောဆိုခဲ့တယ်လို့ အလုပ်သမားတွေဘက်က ကူညီဖြေရှင်းသူတွေက ပြောပါတယ်။ အလုပ်သမားတွေက အခုချိန်မှာ အလုပ်ထွက်ရင် အလုပ်သစ်ရှာရာမှာ ခက်ခဲမှာတကြောင်း၊ ဒီအခြေအနေကို အခုမှ ဂဃဏန သဘောပေါက်တာတကြောင်းတို့ကြောင့် ဒီစက်ရုံမှာပဲ ဆက်လက်လုပ်ကိုင်ကြဖို့ ပြေလည်မှုရရှိသဘောတူညီခဲ့ကြတယ်လို့ ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024