A d v e r t i s e m e n t With Us

ဒေါ်အောင်ဆန်းစုကြည် ထမ်ဟင်ဒုက္ခသည်စခန်းကိုသွားမည်

ထမ်ဟင် ဒုက္ခသည်စခန်းကို မြင်တွေ့ရစဉ် (ဓာတ်ပုံ - UNHCR)
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိုင်းနိုင်ခရီးစဉ်တွင်း ရပ်ခ်ျဘူရီခရိုင်က ထမ်ဟင် စခန်းကို သွားရောက်မှာဖြစ်တဲ့အတွက် စခန်းကဒုက္ခသည်တွေက ပြင်ဆင်မှုတွေ လုပ်ဆောင်နေတယ်လို့ စခန်းတာဝန်ရှိ သူတ ဦးဖြစ်တဲ့ စောထိုကီက ပြောပါတယ်။ “ပြီးခဲ့တဲ့ရက်ပိုင်း ထိုင်းအာဏာပိုင်တွေက ကျတော်တို့ဆီလာပြီး ဒေါ်အောင်ဆန်းစုကြည် ၂၅ ရက်နေ့လာမယ်လို့ ပြောတယ်။ ကျနော်တို့ အခု စခန်းတွင်း ပြင်ဆင်စရာတွေပြင်ဆင်နေတယ်။ ရဟတ်ယာဉ်ဆင်းမယ့်နေရာတို့၊ ပြင်ဆင်စရာရှိတဲ့နေရာတွေကို ထိုင်းအာဏာပိုင်တွေက လာညွန်ကြားလို့ ကျနော်တို့ ပြင်ဆင်နေပြပါတယ်။ ” ဒုက္ခသည်စခန်းကော်မီတီအနေနဲ့ကတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ် အောင်ဆန်းစုကြည် လာရင်ဘယ်လိုချက်တွေကို တင်ပြတောင်းဆိုမလဲ ဆိုတာကိုတော့ အစည်းအဝေးလုပ်ပြီးမှ ထုတ်ပြန်မယ်လို့ ပြောပါတယ်။ စခန်းတွင်းက ကရင်အမျိုးသမီးအစည်းအရုံးဥက္ကဌ နော်စီစရီးနာကတော့ သူ့အနေ့ ပြည်တွင်းမှ ပြန်လည်အနေထိုင်ရမယ်ဆိုရင် အမျိုးသမီးတန်းတူအခွင့်အရေးနဲ့ ပညာရေးတန်းတူအခွင့်အရေး ရချင်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ကို တင်ပြတောင်းဆိုမှာဖြစ်တယ်လို့ ပြောပါတယ်။ “တောင်းဆိုချင်တာတွေတော့အများကြီးပဲ။ အဓိကကတော့ ကျမတို့ ဒုက္ခသည်တွေ ပြည်တွင်း ပြန်နေရတယ်ဆိုရင် အမျိုးသမီးတွေပေါ် တန်းတူအခွင့်အရေးရရှိဖို့နဲ့ ပညာရေးနဲ့ ပတ်သက်လာ ရင်လည်း တန်းတူညီတီအခွင့်အရေးရစေချင်တယ်။ ဒုက္ခသည်က ပညာရေးမို့လို့ သုံးလို့မရဘူး၊ မြန်မာနိုင်ငံက လက်မှတ်တွေ့ပဲရတယ်ဆိုတဲ့ အချက်မျိုး ကျမတို့ မလိုလားဘူး။ ဒုက္ခသည်တွေ ကရတဲ့ ပညာရေး အရည်အချင်းတွေကို အသိအမှတ်ပြုဖို့ တောင်းဆိုချင်ပါတယ်။ ” ထမ်ဟင်ဒုက္ခသည်စခန်းမှာ အိမ်ခြေ ၁ ထောင်ကျော်ရှိပြီး ဒုက္ခသည်ဦးရေ ၇ ထောင်ကျော် ခိုလှုံနေပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဇွန် ၂၃-၂၅ ရက်အထိ ထိုင်းကို သွားရောက်မှာ ဖြစ်ပါတယ်။ သူ့ရဲ့ ၃ ရက်တာ ထိုင်းနိုင်ငံခရီးစဉ်အတွင်း ထိုင်းနိုင်ငံတာဝန်ရှိသူတွေအပြင် ထိုင်းရောက် မြန်မာအလုပ်သမားတွေနဲ့ ဒုက္ခသည်တွေကိုပါ တွေ့ဆုံဖို့ ရှိနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်အတွင်း ထားဝယ်ရေနက် ဆိပ်ကမ်းကိစ္စကို အဓိက ဆွေးနွေး မယ်လို့ ထိုင်း လက်ထောက် ၀န်ကြီးချုပ်က ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up