ရခိုင်လူငယ် ၁၃ ဦးကို အလုပ်နှင့် ထောင်ဒဏ် ၃ နှစ်ချစီ ချမှတ်
DVB
·
June 17, 2016
ရက္ခိုင့်တပ်မတော်နှင့် ဆက်သွယ်မှုနဲ့ ဖမ်းဆီးထားတဲ့ ရခိုင့်လူငယ် ၁၃ ဦး ဒီကနေ့ စစ်တွေမြို့နယ် တရားရုံးကနေ့ အလုပ်နဲ့ထောင်ဒဏ် ၃ နှစ်စီ ချမှတ်လိုက်ပါတယ်။
အမှုကို လိုက်ပါဆောင်ရွက်နေသူ ရှေ့နေဒေါ်အေးနုစိန်က “မတရားအသင်းဆက်သွယ်မှုနဲ့ပုဒ်မ ဆက်သွယ်မှု ပုဒ်မ ၁၇ (၁)/ ၁၇ (၂) နဲ့ ညိုမောင်အပါအ၀င်ပေါ့လေ။ ၁၃ ဦးကို အလုပ်နဲ့ ထောင်ဒဏ် ၃ နှစ် ချလိုက်ပါတယ်။ သူတို့တွေအကုန်လုံးဝန် ခံတဲ့အတွက်ကြောင့် အခုလို ချလိုက်တာပါ။ လွန်ခဲ့တဲ့ ၄ လလောက် စစ်တွေမြို့မှာ အဖမ်းခံရတာဖြစ်တယ်”လို့ ပြောပါတယ်။
အခုလိုရက္ခိုင့်တော်နဲ့ ဆက်နွယ်မှုနဲ့ အလုပ်နဲ့ထောင်ဒဏ် ၃ နှစ်ချမှတ်လိုက်တဲ့သူတွေကို အယူခံဝင်ဖို့ လောလောဆယ် အစီအစဉ်မရှိသေးဘူးလို့ ရှေ့နေဒေါ်အေးနုစိန်းက ဆိုပါတယ်။
ဒီကနေ့ ၁၂ နာရီမှာ စစ်တွေမြို့နယ်တရားသူကြီး ဦးကျော်ဇံသာက အမိန့်ချလိုက်ခြင်းဖြစ်ပါတယ်။ သူတို့ ၁၃ ဦးကို လွန်ခဲ့ ၅ လလောက် ရက္ခိုင့်တပ်မတော်နဲ့ဆက်သွယ်တယ်လို့ဆိုပြီး စစ်တွေမြို့မှာ ဖမ်းဆီးခံရပြီးတဲ့နောက် အခုရုံချိန်း ၁၄ ကြိမ်မြောက်မှာ အမိန့်ချမှတ်လိုက်တာပါ။
အလုပ်နဲ့ ထောင်ဒဏ် ၃ နှစ်ချခံရတဲ့ လူငယ်များကတော့ ညိုမောင်၊ မြင့်ကျော်၊ ဦးဆန်းမောင်၊ ဇော်လင်းထွန်း၊ အောင်ကျော်သိန်း၊ ဇော်မင်းဦး၊ ဇော်ဝင်းနိုင်၊ အေးကျော်သန်း၊ ဇော်မင်းဌေး၊ ဇော်မင်းထွန်း၊မောင်ဟန်စိုး၊ ကျော်သိန်းချေ၊ ၀င်းအောင်တို့ဖြစ်ကြတယ်လို့ သိရပါတယ်။
သတင်း - ၀ဏ္ဏခွာညို