A d v e r t i s e m e n t With Us

ထိုင်းတွင် ဘတ်စ်ကားပေါ်၌ အမျိုးသမီးကို ထိုးကြိတ်သူအား ဖမ်းမိ

ပြီးခဲ့တဲ့ ရက်ပိုင်းတွင်း  ဘန်ကောက်က ဘတ်စ်ကားတစီးပေါ်မှာ  စစ်ဝတ်စုံဝတ် အမျိုးသား တဦးက ဘေးက အမျိုးသမီးကို ထိုးကြိတ်နေတဲ့ ဗွီဒီယိုဖိုင် လူမှုကွန်ရက်မှာ ပြန့်နှံ့ခဲ့ပြီးတဲ့နောက် အဆိုပါ အမျိုးသားကို  ဖမ်းဆီးရမိပြီလို့ တီဗွီဖူးလ်အွန်လိုင်းသတင်းမှာ ဖော်ပြပါတယ်။ အဆိုပါအမျိုးသားမှာ စစ်သားအစစ်မဟုတ်ဘဲ အရင်က စစ်သင်တန်းတက်ဖူးသူသာဖြစ်ကြောင်း၊  သူ့ကောင်မလေးက တခြားအမျိုးသားတဦးနဲ့ ဖြစ်နေတာကို ဖမ်းမိသွားပြီး ထိုးကြိတ်တာ ဖြစ်တယ်လို့ သိရပါတယ်။ ထိုးကြိတ်တဲ့ အမျိုးသားကို တာဝန်ရှိသူတွေက စစ်ဆေးနေဆဲ ဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ ထိုင်းနိုင်ငံ ဘန်ကောက် အူဘန်းခဲန်မှ ခလောင်းတွေကြား ပြေးဆွဲနေတဲ့ အမှတ် ၁၀၇ ဘတ်စ်ကားတစ်စီးပေါ်မှာ စစ်ဝတ်စုံ ၀တ်ထားတဲ့ အမျိုးသားတဦးမှ သူ့ဘေးက အမျိုးသမီးကို အကြိမ်ပေါင်းများစွာ ထိုးကြိတ်ရိုက်နှက်နေတဲ့ ဗွီဒီယိုကလစ်ဖိုင် လူမှုကွန်ရက်မှာ ရေပန်းစား နေပြီး ဝေဖန်မှုတွေ ရှိခဲ့တာပါ။ ခရီးသည်ထိုင်ခုံပေါ်မှာ နှစ်ယောက်ယှဉ်ထိုင်ရင်း အမျိုးသားက အမျိုးသမီးကို (မင်းဘယ်လို လုပ်လိုက်တာလဲ) လို့ အဓိပ္ပါယ်ရတဲ့ စကား အကြိမ်ကြိမ်ပြောဆိုပြီး ကားပေါ်က ခရီးသည်တွေ ကို ဂရုမစိုက်ဘဲ လက်သီးနဲ့ထိုး၊ ဆံပင်ကို ဆောင့်ဆွဲနေတဲ့ပုံကို လူတယောက်က ဗွီဒီယို ရိုက်ယူပြီး သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ် တင်ခဲ့တာဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up