ခန္တီးတွင် ဓားပြ ၉ ဦးကို ရွာသားများ ဖမ်းဆီးပြီး စစ်တပ်ထံ အပ်နှံ

4.9K
စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ် နန်းစီပွန်ကျေးရွာမှာ ဓားပြ ၉ ဦးကို သေနတ် ၃ လက်နဲ့အတူ ဖမ်းဆီးရမိခဲ့ပြီး ခန္တီးမြို့စစ်တပ်ထံ အပ်နှံခဲ့ကြပါတယ်။
ဇွန်လ ၁၆ ရက်နေ့ ည ၉ နာရီအချိန်က ခန္တီးမြို့နယ် နန်းစီပွန်ကျေးရွာနေ ကိုလွင် ရဲ့ ဈေးဆိုင်ကို လူ ၉ ဦးက ဓားပြဝင်တိုက်ခဲ့တဲ့အတွက် နန်းစီပွန်ရွာသားတွေက ဝိုင်းဖမ်းဆီးခဲ့ပြီး ခန္တီးမြို့စစ်တပ်ထံ အပ်နှံခဲ့ကြတာပါ။
ဒီနေ့ ဇွန်လ ၁၇ ရက်နေ့ နေ့လယ် နာရီ ၁၅ မိနစ်မှာ ဓားပြတွေကို ခန္တီးမြို့ စစ်တပ်မှာ စစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်လို့ သိရပါတယ်။
သတင်း - အောင်ဆန်းမြင့် (ခန္တီး)