A d v e r t i s e m e n t With Us

သမ္မတဦးထင်ကျော်ကို ပြင်သစ်နိုင်ငံကို ချစ်ကြည်ရေးခရီးလာရောက်ရန် ဖိတ်ကြား

မြန်မာသမ္မတဦးထင်ကျော် ပြင်သစ်နိုင်ငံကို အလည်အပတ်လာရောက်ဖို့ ပြင်သစ်အစိုးရက တရားဝင်ဖိတ်ကြားပါတယ်။ မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ပြင်သစ်နိုင်ငံခြားရေးနှင့် နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး Mr. Jean-Marc AYRAULT ဦးဆောင်တဲ့အဖွဲ့ဟာ ဇွန်လ ၁၇ ရက်နေ့က သမ္မတဦးထင်ကျော်နဲ့ တွေ့ဆုံရာမှာ အခုလို ဖိတ်ကြားခဲ့တာဖြစ်ပါတယ်။ ဒီလို တွေ့ဆုံရာမှာ နှစ်နိုင်ငံပြည်သူအချင်းချင်းကြား ထိတွေ့ဆက်ဆံမှု မြှင့်တင်ရေး၊ မြန်မာနိုင်ငံ ရဲ့ လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြင်သစ်နိုင်ငံက တိုးမြှင့်အကူအညီပေးတို့ကို ဆွေးနွေးခဲ့ တယ်လို့ သိရပါတယ်။ ဒါအပြင် နှစ်နိုင်ငံဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု ပိုမိုတိုးမြှင့်ရေး၊ ပညာရေး၊ ယဉ်ကျေးမှုကဏ္ဍများ ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာနိုင်ငံရဲ့ လက်ရှိဆောင်ရွက်နေတဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲ ရေး လုပ်ငန်းစဉ်တွေနဲ့ လူအခွင့်အရေးမြှင့်တင်နိုင်ဖို့အတွက် ဆောင်ရွက်နေတာတွေ၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁ ရာစုပင်လုံ)အကြို ပြင်ဆင်နေမှုတွေနဲ့ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်မှု လုပ်ငန်းစဉ်တွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။ ပြင်သစ်နိုင်ငံခြားရေးနှင့် နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး Mr. Jean-Marc AYRAULT ဟာ ဒီနေ့ မနက်ပိုင်းမှာလည်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ ဒီလို တွေ့ဆုံရာမှာ ပြင်သစ်နိုင်ငံရဲ့ မြန်မာနိုင်ငံအပေါ်မှာ အကူအညီပေးနေတဲ့ ဖွံ့ဖြိုးရေး ငွေကြေးပမာဏကို မြှင့်တင်ဖို့အဆင်သင့်ရှိနေပြီး အခုအချိန်ကစပြီးတော့ ယူရို သန်း ၂၀၀ ကူညီဖို့အဆင့်သင့်ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါအပြင် မြန်မာနိုင်ငံနဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်တဲ့နေရာမှာ ကဏ္ဍပေါင်းစုံကနေလုပ်ချင်ပြီး အထူးသဖြင့် စွမ်းအင်ကဏ္ဍကနေ လုပ်ချင်တယ်လို့ဆိုပါတယ်။ မြန်မာနိုင်ငံရဲ့ မြို့ပြဖွံ့ဖြိုးရေး လုပ်ငန်းတွေမှာ ကူညီချင်သလို ဒီလိုကူညီတဲ့နေရာမှာ မြန်မာပြည်ရဲ့ မြို့ကြီးပြကြီးတွေကို ကူညီချင်တယ်လို့ ပြောပါတယ်။ အထူးသဖြင့် ရန် ကုန်မြို့ပြဖွံ့ဖြိုးရေး စီမံကိန်းတွေကို ကူညီချင်ပြီး ပါရီမှာရှိတဲ့ မြို့တော်ဝန်ရုံးကလည်း ရန်ကုန်မြို့ ပြဖွံ့ဖြိုးရေးစီမံကိန်းတွေမှာ ပါဝင်ကူညီဖို့ အဆင်သင့်ရှိနေတယ်လို့ ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up