Home
မြန်မာသတင်း
လူငယ်အသက်မွေးပညာသင်ကျောင်းများ ဖွင့်လှစ်ရေး မြန်မာနှင့် ဂျာမနီဆွေးနွေး
DVB
·
June 17, 2016
13419159_530584400475193_485177887570758059_n
မြန်မာနိုင်ငံက လူငယ်တွေ အရည်အချင်းပြည့်ဝပြီး အလုပ်အကိုင်အခွင့်အလမ်းတွေ  ပိုမို ရရှိစေရေးအတွက် အသက်မွေးဝမ်းကျောင်းနဲ့ ကျွမ်းကျင်မှုဆိုင်ရာ သင်တန်းကျောင်းတွေ ဖွင့်လှစ်ရေးနဲ့ နည်းပညာပံ့ပိုးပေးရေး ကိစ္စတွေအတွက် မြန်မာနဲ့ ဂျာမနီ အစိုးရ၀န်ကြီးတွေ ဒီကနေ့ တွေ့ဆုံဆွေးနွေးပါတယ်။ မြန်မာနိုင်ငံခြားရေး ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ဂျာမနီနိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး ဒေါက်တာ ဂဲရက်မူလာတို့ ဒီကနေ့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့တာလို့ နိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်ပါတယ်။ ဒီလိုတွေ့ဆုံရာမှာ လယ်ယာနဲ့ အခြားစိုက်ပျိုးရေးထုတ်ကုန်တွေ၊ အထူးသဖြင့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အော်ဂဲနစ်သီးနှံတွေ စိုက်ပျိုးထုတ်လုပ် တင်ပို့နိုင်ဖို့ နည်းပညာတွေ ပံ့ပိုးပေးရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ နိုင်ငံခြားရေးဌာနလူမှုကွန်ရက်မှာ ရေးသား ဖော်ပြပါတယ်။ ခုလဆန်းပိုင်းက မြန်မာနိုင်ငံကိုလာရောက်တဲ့ စင်ကာပူဝန်ကြီးချုပ် မစ္စတာ လီရှန်လွန်းရဲ့ခရီးစဉ်မှာတော့ မြန်မာလူငယ်တွေအတွက် စင်ကာပူ-မြန်မာ သက်မွေးပညာသင်ကျောင်း တကျောင်း ရန်ကုန်မှာ ဖွင့်လှစ်ပေးခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024