Home
သတင်းဓာတ်ပုံ
ရန်ကုန်တွင် ပထမဆုံးအကြိမ်ပြုလုပ်သည့် တက်တူးပွဲတော် (ဓာတ်ပုံ)
DVB
·
June 17, 2016
Human Rights Tattoo ပွဲတော်ကို ရန်ကုန်မြို့ ပန်းဆိုးတန်းပွဲတော်ပန်းချီနဲ့ အနုပညာလှုပ်ရှားမှုခန်းမမှာ ဇွန် ၁၇ ရက်နဲ့ ၁၈ ရက်နေ့ ကျင်းပပြုလုပ်နေပါတယ်။ ပထမဆုံး လူအခွင့်အရေး တက်တူးပွဲတော်ကို လူပေါင်း ၁၂၀ တက်တူးထိုးခွင့် သတ်မှတ် ထားပါတယ်။ ပထမနေ့မှာ မိန်းကလေးအများစု လာရောက်ထိုးခဲ့ကြပြီး A to Z ထဲက စာလုံးတခုစီကို ပေးကာ မိမိကြိုက်နှစ်သက်ရာနေရာမှာ ထိုးခွင့်ရမယ့် အစီအစဉ် ဖြစ်ပါတယ်။ ပြည်ပ တက်တူးပညာရှင် ၂ ဦးနဲ့ ပြည်တွင်းလူငယ်ပညာရှင် ၁ ဦးတို့က တာဝန်ယူ ထိုးပေးတာ ဖြစ်ပါတယ်။ ဒီအစီအစဉ်ကို ဒါရိုက်တာ မင်းထင်ကိုကိုကြီး၊ မမွန်မွန်မြတ်တို့ရဲ့ လူ့ဂုဏ်သိက္ခာ ရုပ်ရှင်ပွဲတော်နဲ့အတူ တဆက်တည်းပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။    
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024