တရုတ်တွင် ရေကြီးတောင်ပြိုပြီး ကားများ ရေထဲမျောပါ၊ လူ ၃ ဦးသေ (ရုပ်သံ)

2.6K
တရုတ်နိုင်ငံတောင်ပိုင်းမှာ မိုးသည်းထန်စွာ ရွာသွန်းတဲ့အတွက် အိုးအိမ်တွေ ပျက်စီးခဲ့ပြီး လူ ၃ ဦး သေဆုံးခဲ့သလို ကားတွေလည်း ရေစီးနဲ့ မျောပါကုန်ပါတယ်။
လျူကျော့မြို့မှာ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးမှုတွေကြောင့် သန်းနဲ့ချီတဲ့လူတွေရဲ့ နေ့စဉ်ဘ၀ကိုလည်း ထိခိုက်ခဲ့ရပါတယ်။
ဒီဖြစ်ရပ်ကို မှတ်တမ်းတင်ထားတဲ့ ရုပ်သံဖိုင်မှာ ကားတွေလည်း ရေစီးနဲ့ မျောပါကုန်သလို လမ်းဘေးဈေးသည်တွေရဲ့ အမိုးအကာ ထီးတွေလည်း လွင့်ထွက်ကုန်တာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။
ဒါ့အပြင် တရုတ်နိုင်ငံအလယ်ပိုင်းက ဟူနန်ပြည်နယ်မှာ ပြီးခဲ့တဲ့ ရက်တွေအတွင်း မိုးသည်းထန်စွာ ရွာသွန်းလို့ ရေလျှံတောင်ပြိုပြီး လူ ၃ ဦးသေကာ ၂ ဦး ပျောက်ဆုံးနေပါတယ်။
ပြည်နယ်အတွင်း ဒေသခံ ၂ သိန်း ၃ သောင်းကျော်ရဲ့ အိုးအိမ်တွေ ထိခိုက်ခဲ့ပြီး ၁၂၀၀၀ လောက်ကို ယာယီကယ်ဆယ်ထားပါတယ်။
စိုက်ပျိုးမြေ ဟတ်တာ ၁ သောင်းခွဲလည်း ပျက်စီးခဲ့ပြီး တရုတ်ယွမ်ငွေ သန်း ၃၃၀ ကျော် တိုက်ရိုက်ဆုံးရှုံးတယ်လို့ သတင်းတွေက ဆိုပါတယ်။
ဒေသခံ အရေးပေါ် ကူညီကယ်ဆယ်ရေး အဖွဲ့တွေလည်း ကွင်းဆင်း ကူညီနေကြပါတယ်။
အခုနှစ်အတွင်း ဖြစ်ပေါ်တဲ့ အယ်နီညို ရာသီဥတုဖြစ်စဉ်ကြောင့် ဟူနန်ပြည်နယ်မှာလည်း မိုးရွာသွန်းမှု သိသိသာသာ မြင့်ခဲ့ပါတယ်။
ဇွန်လအတွင်း မိုးရေချိန်က နှစ်စဉ် ၁၂ ရာခိုင်နှုန်း တိုးမြင့်နေတယ်လို့ ဒေသခံ မိုးလေ၀သအေဂျင်စီတွေက တိုင်းတာရရှိထားပါတယ်။