ဗြိတိန် လွှတ်တော်အမတ် သေနတ်ဖြင့်ပစ် ဓားထိုးခံရပြီး သေဆုံး

ဗြိတိန် လေဘာပါတီ လွှတ်တော်ကိုယ်စားလှယ် ဂျိုကော့စ်ဟာ ဇွန် ၁၇ ရက်က လမ်းပေါ်မှာ သေနတ်နဲ့ပစ်၊ ဓားထိုးခံရပြီး သေဆုံးသွားပါတယ်။ အသက် ၄၁ နှစ်အရွယ် ဂျိုကော့စ်ကို တိုက်ခိုက်တဲ့ အသက် ၅၂ နှစ်ရှိ တော်မီမဲလ်ကိုလည်း ဖမ်းဆီးထားပါတယ်။ ဂျိုကော့စ်ဟာ ဘတ်လေနဲ့စပန်ကို ကိုယ်စားပြု ရွေးချယ်ခံရတဲ့ ကိုယ်စားလှယ်ဖြစ်ပြီး ၀က်စ်ယော့က်ရှိုင်းယားက ဘရစ္စတော စာကြည့်တိုက်နဲ့ မနီးမဝေးမှာ ပြည်သူတွေနဲ့ တွေ့ဆုံမေးမြန်းနေချိန်မှာ တိုက်ခိုက်ခံရတာ ဖြစ်ပါတယ်။ ကောစ့်ရဲ့ခင်ပွန်း ဘရန်ဒန်ကတော့ အမုန်းတရားကို ဆန့်ကျင်ရာမှာ စည်းလုံးကြဖို့ ဆန္ဒရှိတဲ့ အတွက် အသတ်ခံရတာလို့ ပြောပါတယ်။ ကော့စ်ဟာ ကလေး ၂ ဦးရဲ့ မိခင်လည်း ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စု သမ္မတအဖြစ် ၀င်ရောက်အရွေးခံမယ့် ဟီလာရီကလင်တန်၊ ဗြိတိန် ၀န်ကြီးချုပ် ဒေးဗစ်ကင်မရွန်၊ လေဘာပါတီ ခေါင်းဆောင် ဂျရတ်မီးကိုဘန်းတို့ကလည်း ၀မ်းနည်းကြောင်း ပြောဆိုခဲ့ပါတယ်။ ၁၉၉၀ ပြည့်နှစ်နောက်ပိုင်းမှာ ပထမဆုံး အသတ်ခံရတဲ့ လွှတ်တော် ကိုယ်စားလှယ်လည်း ဖြစ်ပါတယ်။ ၁၉၉၀ ပြည့်နှစ်က လွှတ်တော်ကိုယ်စားလှယ်တဦး မြောက်အိုင်ယာလန် အကြမ်းဖက် သမားတွေကြောင့် သေဆုံးခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up