A d v e r t i s e m e n t With Us

ဆိုင်ထဲထိုးဝင်ပြီး ကလေးငယ်ကို တိုက်သည့်ကား (ရုပ်သံ)

အင်္ဂလန်မြောက်ပိုင်း မန်ချက်စတာမြို့လယ်ရဲ့ အနောက်ဘက် ဆယ်မိုင်အကွာက လိသ်မြို့မှာ ကားတစီးက ဆိုင်တဆိုင်ရဲ့ ရှေ့ပိုင်းကို ဝင်တိုက်တိုးဝင်သွားပုံကို လုံခြုံရေးကင်မရာက  ရိုက်ကူးထားခဲ့ပါတယ်။ မေလ ၂၉ ရက်နေ့က ဖြစ်ရပ်ကို ရိုက်ကူးထားတဲ့ အဲဒီရုပ်သံကို ရဲတွေက ဇွန် ၁၆ ရက်မှာ ဖြန့်ချိလိုက်တာပါ။ ကားက ဆိုင်ထဲထိုးဝင်သွားပြီး ကုန်စည်တွေ ခင်းကျင်းပြသထားတဲ့ နေရာနားက ကလေးငယ်တဦးကိုလည်း တိုက်မိခဲ့ပါတယ်။ အသက် ၆ နှစ်သား ယောက်ျားလေးဟာ စုတ်ပြဲပြတ်ရှတဲ့ အသေးစား ဒဏ်ရာတွေနဲ့အတူ လွတ်မြောက်သွားတယ်လို့ ဂရိတ်တား မန်ချက်စတာမြို့ ရဲတွေက ပြောပါတယ်။ အသက် ၇၉ နှစ်အရွယ် ကားမောင်းသူဟာ သတိမထား အာရုံမစိုက်ဘဲ မောင်းနှင်မှုနဲ့ ကားမောင်းချိန်မှာ အရက်သောက်စားမှု ရှိမရှိ စမ်းသပ်ခံဖို့ ပျက်ကွက်မှုတွေနဲ့ အပြစ်ရှိတယ်လို့ ဆုံးဖြတ်ခံရပါတယ်။ လွှမ်းမိုးမှုတခုခုအောက်မှာ ကားမောင်းတဲ့ အန္တရာယ်ကို သေချာအောင် အများပြည်သူကို ပြသဖို့ ဒီရုပ်သံကို ဖြန့်ချိတာလို့ ရဲတွေက ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up