Home
မြန်မာသတင်း
ကသာမြို့နယ်တွင် သိန်း ၃၀၀ ဖိုးခန့် မူးယစ်ဆေးဝါးများ ဖမ်းမိ
DVB
·
June 17, 2016
13406879_247520202288517_525761525412328393_n
13412903_247520232288514_5913370267171210722_n
စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့ အနောက်ဘက် ကသာ-အင်းတော်သွား ကားလမ်း လမ်းခွကျေးရွာအနီး မောင်းတံဂိတ်မှာ ဇွန် ၁၆ ရက်နေ့က ကျပ် ၂၇၁ သိန်းကျော် တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့ပါတယ်။ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး မူးယစ်တပ်စု ၆ ကသာမှ ရဲမှူးရန်နိုင်ထွန်း ဦးစီးတဲ့ ပူးပေါင်းအဖွဲ့ဟာ ကသာ-အင်းတော်သွား ကားလမ်း လမ်းခွ မောင်းတံဂိတ်မှာ ဖြတ်သန်းသွားလာနေတဲ့ ဆိုင်ကယ်တွေကို ရပ်တန့်ရှာဖွေရာက ဖမ်းဆီးရမိခဲ့တာလို့ ကသာမြို့မရဲစခန်းက ပြောပါတယ်။ ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နန့်မွန်းကျေးရွာ ထောပတ်ကုန်းမှာနေထိုင်တဲ့ ဆန်းထွန်း စီးနင်းလာတဲ့ ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာက ရောင်စုံ ဆပ်ပြာခွက် ၁၈ ခွက်အတွင်း ထည့်ထားတဲ့ ဘိန်းဖြူအမှုန့် အလေးချိန် ၂၁၃ ဂရန်နဲ့ WY စာတန်းပါ ပန်းရောင် စိတ်ကြွ ဆေးပြား ၁၁၇၀ ပြား စုစုပေါင်း ကာလတန်ဖိုးး ၂၇၁ သိန်း ငါးသောင်း ကျပ်လောက် ဖမ်းဆီး ရမိခဲ့တာပါ။ 13406879_247520202288517_525761525412328393_nဆန်းထွန်းကို မူးယစ်ဆေးဝါးနဲ့ စိတ်ကို ပြောင်းလဲစေတတ်တဲ့ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉(က)/ ၂၇ နဲ့ အမှုဖွင့် အရေးယူ ဆောင်ရွက်ထားတယ်လို့ ကသာမြို့မ ရဲစခန်းက ပြောပါတယ်။ သတင်းနှင့်ဓာတ်ပုံ – သီဟဆွေ (ကသာ)  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024