A d v e r t i s e m e n t With Us

ချစ်သူနှင့်လမ်းခွဲပြီး မင်းသားတဦးနဲ့ တိတ်တဆိတ် ချစ်ကျွမ်းဝင်နေသည့် တေလာဆွစ်ဖ်

ဓာတ်ပုံ - ရိုက်တာ
နာမည်ကြီး အဆိုတော် တေလာဆွစ်ဖ်ဟာ ချစ်သူ အဆိုတော် ကယ်လ်ဗင်ဟဲရစ်စ်နဲ့ လမ်းခွဲခဲ့ပြီး မကြာခင်မှာပဲ ဗြိတိသျှမင်းသား တွမ်ဟစ်ဒဲလ်တန်နဲ့ တိတ်တဆိတ် ချစ်ကျွမ်းဝင်နေကြပြီလို့ သတင်းတွေမှာ ဖော်ပြကြပါတယ်။ ရိုဒီကျွန်းပေါ်က သူမရဲ့ ပေါင် ၁၂ သန်းတန် အိမ်ကြီးအနီး ကမ်းခြေမှာ ဇွန်လ ၁၅ ရက်နေ့ ညပိုင်းက အသက် ၃၅ နှစ်အရွယ် ချစ်သူသစ် မင်းသား ဟစ်ဒဲလ်တန်နဲ့ အသက် ၂၆ နှစ်အရွယ် တေလာဆွစ်ဖ်တို့ လက်ချင်းချိတ်ပြီး ရှိနေခဲ့ကြတာကို သည်ဆန်းသတင်းမှာ ဖော်ပြလိုက်တာပါ။ သူတို့ကိုကြည့်ရတာ စိတ်အေးချမ်းသာ ရှိနေကြပုံပေါ်ပြီး တယောက်နဲ့တယောက် ပွေ့ဖက်ကာ ဆယ်လ်ဖီဓာတ်ပုံတွေလည်း ရိုက်ခဲ့ကြပါသေးတယ်။ သူတို့အတွင်းရေးနဲ့ နီးစပ်တဲ့သူ တဦးကတော့ “(အဲဒီအချိန်မှာ) ကမ်းခြေကို လူ ၂၀ လောက် လာခဲ့ကြတာတောင် သူတို့နှစ်ယောက်ဟာ လူမြင်ကွင်းမှာ ဖက်ယမ်း နမ်းရှုပ်နေခဲ့ကြတာပါ။ သူတို့ကိုကြည့်ရတာ တလောကလုံးကို ဂရုမစိုက်တဲ့ ခုမှ အရူးအမူး ချစ်ကြိုက်ကာစ လူငယ်စုံတွဲတတွဲလိုပဲ” လို့ ပြောပါတယ်။ ဟစ်ဒဲလ်တန်ဟာ လာမယ့် ဂျိမ်းစ်ဘွန်းရုပ်ရှင်ဇာတ်ကားသစ်မှာ ပါဝင်သရုပ်ဆောင်ဖွယ် ရှိတယ်လို့ သတင်းပြေးနေပြီး ပြီးခဲ့တဲ့ မေလဆန်းက နယူးယောက်က ကပွဲတခုမှာ ဆုံခဲ့ကြတာပါ။ တေလာဆွစ်ဖ်ရဲ့ ချစ်သူဟောင်း အသက် ၃၂ နှစ်အရွယ် ကယ်လ်ဗင်ဟဲရစ်စ်ကတော့ လမ်းခွဲပြီးနောက်မှာ တွစ်တာ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ လမ်းခွဲပြတ်စဲခဲ့တာကို ရေးခဲ့တာပါ။ အဲဒီနောက်မှာတော့ သူဟာ အဲဒီစာကို ဖျက်ခဲ့ပြီး အင်စတာဂရမ် လူမှုကွန်ရက် စာမျက်နှာပေါ်မှာ တင်ထားခဲ့တဲ့ တေလာဆွစ်ဖ်နဲ့ ပတ်သက်သမျှ ဓာတ်ပုံတွေအားလုံးကို ဖျက်ပစ်ခဲ့တာပါ။

A d v e r t i s e m e n t With Us

More News
Up