Home
မြန်မာသတင်း
ရှမ်း​ပြည်မျိုး​ဆက်သစ်လူငယ် ​ထောင်​ဆေး​ရုံတက်​နေရ
DVB
·
September 13, 2011
နှစ်ရှည်​ထောင်ကျ​နေတဲ့​ ရှမ်း​ပြည်မျိုး​ဆက်သစ်လူငယ်အဖွဲ့​ဝင် စိုင်း​မျိုး​ဝင်း​ထွန်း​ ကျန်း​မာ​ရေး​မ​ကောင်း​တဲ့​အတွက် ​ထောင်​ဆေး​ရုံမှာ ကုသ​နေရတယ်လို့​ ရှမ်း​တိုင်း​ရင်း​သား​များ​ ဒီမိုက​ရေစီအဖွဲ့​ချုပ် ​ပြောခွင့်​ရ စိုင်း​လိတ်က ​ပြောပါတယ်။ [caption id="attachment_15509" align="alignright" width="310" caption="စိုင်းမျိုးဝင်းထွန်း (ဓာတ်ပုံ - သျှမ်းသံတော်ဆင့်​)"][/caption] စိုင်း​လိတ်က “ကျန်း​မာ​ရေး​အ​ခြေအ​နေ မ​ကောင်း​ဘူး​။ စိတ်​ထွေပြား​တဲ့​ရောဂါ​ကြောင့်​ ​ဆေး​ရုံ​ပေါ်​ရောက်​နေတာ တနှစ်နီး​ပါး​ရှိပြီ။ ပြီး​ခဲ့​တဲ့​ ၂ နှစ်က ​ထောင်​ဆေး​ရုံကို ​ရောက်တယ် ပြန်ဆင်း​သွား​ရင် အဲဒီ​ရောဂါပြန်​ဖောက်လာတယ်။ အခု​ထောင်​ဆေး​ရုံ​ပေါ်မှာပဲ အပြီး​နေလိုက်ရတဲ့​ သ​ဘောမျိုး​ရှိတယ်” လို့​ ​ပြောပါတယ်။ အသက် ၄၅ နှစ်ရှိပြီဖြစ်တဲ့​ စိုင်း​မျိုး​ဝင်း​ထွန်း​ဟာ တရား​မဝင် ရှမ်း​ပြည်အတိုင်ပင်ခံအဖွဲ့​ ဖွဲ့​စည်း​ရာမှာ ပူး​ပေါင်း​ပါဝင်မှု၊​ စည်း​လုံး​ညီညွတ်​သော တိုင်း​ရင်း​သား​မဟာမိတ်အဖွဲ့​က ​ရေး​ဆွဲတဲ့​ အနာဂတ်ပြည်​ထောင်စုဖွဲ့​စည်း​ပုံစာတမ်း​ကို ပူး​ပေါင်း​ပါဝင် ရိုက်နှိပ်​ပေး​မှု​တွေနဲ့​ ​ထောင်ဒဏ် ၇၉ နှစ် ချထား​ခံ​နေရတာပါ။ ဒီအမှုတွဲထဲမှာ ရှမ်း​ပြည်မျိုး​ဆက်သစ်လူငယ်အဖွဲ့​က နှစ်ဦး​ ဖမ်း​ဆီး​ခံခဲ့​ရပြီး​ ​ခေါင်း​ဆောင်ဖြစ်သူ ဦး​မြင့်​သန်း​က​တော့​ ရခိုင်ပြည်နယ် သံတွဲ​ထောင်ထဲမှာ ၂၀၀၆ ခုနှစ်က ကွယ်လွန်သွား​ခဲ့​ပါတယ်။ ဦး​သိန်း​စိန်အစိုး​ရဟာ တိုင်း​ပြည်ငြိမ်း​ချမ်း​ရေး​ကို အမှန်တကယ်လိုလား​ပါက နိုင်ငံ​ရေး​ အကျဉ်း​သား​တွေ အား​လုံး​ကို ပြန်လွှတ်​ပေး​ရလို့​ စိုင်း​လိတ်က ​ပြောပါတယ်။ “ဦး​သိန်း​စိန် အစိုး​ရအ​နေနဲ့​ သိသာထင်ရှား​တဲ့​ အ​ပြောင်း​အလဲမျိုး​ကို အမှန်တကယ်လုပ်မယ်ဆိုရင် ပထမဆုံး​အ​နေနဲ့​ နိုင်ငံ​ရေး​အကျဉ်း​သား​ အား​လုံး​ကို လွှတ်​ပေး​မှသာ ဒီအစိုး​ရအ​ပေါ်မှာ လူထုနဲ့​ကမ္ဘာက အယုံအကြည်ရှိလာမယ်။ နိုင်ငံ​ရေး​အကျဉ်း​သား​တွေကို လွှတ်​ပေး​ပြီး​မှ အား​လုံး​ပါဝင်သင့်​ ပါဝင်ထိုက်တဲ့​ ပုဂ္ဂိုလ်မျိုး​တွေ ပါဝင်တဲ့​တွေ့​ဆုံ​ဆွေး​နွေး​မှုမျိုး​ကို စတင်နိုင်မယ်။ ပြည်တွင်း​မှာ စစ်မက်ဖြစ်ပွား​နေတဲ့​ တိုင်း​ရင်း​သား​ လက်နက်ကိုင်အဖွဲ့​တွေနဲ့​လည်း​ ​ဆွေး​နွေး​ညှိနှိုင်း​ဖို့​ နှစ်ဦး​နှစ်ဖက် အယုံအကြည်ရှိနိုင်ကြမယ်​လေ။”    
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024