လမုပင်တွေကြားထဲ လာတင်သည့် ဝေလငါးများကို ကယ်တင်ရန် ကြိုးစား (ရုပ်သံ)

  ဒီရေကျချိန်မှာ လမုပင်တွေကြားထဲ သောင်လာတင်တဲ့ ဝေလငါးတွေကို ကယ်ဆယ်ဖို့အတွက် အင်ဒိုနီးရှား ကယ်ဆယ်ရေး အလုပ်သမားတွေ ရုန်းကန်နေပါတယ်။ ဇွန် ၁၆ ရက်ကနေစတင်ပြီး သောင်တင်တဲ့ ဝေလငါးတွေရဲ့ အသက်ကို ကယ်တင်ဖို့ ကြိုးစားရာမှာ ဂျာဗားကျွန်း အရှေ့ပိုင်းက ရွာသားတွေ ကယ်ဆယ်ရေး လုပ်သမားတွေကို ကူညီကြတယ်လို့ ငါးလုပ်ငန်းအရာရှိက ပြောပါတယ်။ ကမ်းလာတင်တဲ့ ဦးဆောင် ဝေလငါးတွေကို ပင်လယ်ထဲပြန်ပို့ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။ ရေတိမ်မှာ ထိခိုက်မိလို့ တချို့ဝေလငါးတွေက သေကျေခဲ့သလို တချို့က အားနည်းနေတယ်လို့ အရာရှိတွေက ပြောပါတယ်။ ဝေလငါး ၃၀ လောက် ကမ်းတင်ခဲ့တယ်လို့လည်း သတင်းမှာ ဖော်ပြပြီး ၇ ကောင်လောက်က သားပေါက်တွေဖြစ်သလို အကြီးဆုံးကတော့ ၁၃ ပေ ရှည်တယ်လို့ ဆိုပါတယ်။ လမုပင်တွေကြားထဲကို ဘယ်လိုလုပ် ရောက်လာသလဲ ဆိုတာကိုတော့ မသိရဘူးလို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဒေသခံတွေကတော့ ဝေလငါးကို ဒီနေရာမှာမြင်ဖို့ ခဲယဉ်းတယ်လို့ ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up