A d v e r t i s e m e n t With Us

အရီဇိုးနားတောမီး နယူးမက္ကဆီကိုပြည်နယ်ထဲ ကူးစက်လောင်ကျွမ်း (ရုပ်သံ)

အမေရိကန်ပြည်ထောင်စု၊ အရီဇိုးနားပြည်နယ်မှာ လောင်ကျွမ်းနေတဲ့ တောမီးဟာ နယူးမက္ကဆီကိုပြည်နယ်ထဲကို ဆက်ပြီး ကူးစက်လောင်ကျွမ်းနေလို့ ဒေသခံတွေကို အရေးပေါ် ပြောင်းရွှေ့ပေးနေရတယ်လို့ အန်ဘီစီရုပ်သံက ကြေညာပါတယ်။ ဇွန်လ ၁၅ ရက်နေ့က ရှိုးလိုး (Show Low) မြို့တောင်ဘက် ၁၂ မိုင်အကွာမှာ သစ်တောဧက ၂၅၀၀ ကျော်အထိ လောင်ကျွမ်းသွားခဲ့တဲ့အတွက် အရီဇိုးနားပြည်နယ်ထဲက ဖော်ရက်စ်ဒယ်လ် (Forestdale) မြို့ခံတွေကို အာဏာပိုင်တွေက မဖြစ်မနေ ပြောင်းရွှေ့စေခဲ့တယ်လို့ ဒေသခံသတင်းတွေက ဆိုပါတယ်။ အမေရိကန် ဌာနေတိုင်းရင်းသားဒေသဖြစ်တဲ့ နာဗာဂျို (Navajo) ခရိုင်တခုလုံး ယာယီပြောင်းရွှေ့ဖို့ ကြိုတင်ပြင်ဆင်ထားဖို့လည်း အာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။ တောမီး စတင်လောင်ကျွမ်းရတဲ့ အကြောင်းရင်းကိုလည်း ဒေသခံအာဏာပိုင်တွေက စုံစမ်းနေပါတယ်။ နယူးမက္ကဆီကိုပြည်နယ် အုပ်ချုပ်ရေးမှူးကလည်း မီးလောင်သစ်တောဧက ၂၀၀၀ ကျော်သွားခဲ့တဲ့အတွက် သူ့ပြည်နယ်မှာလည်း အရေးပေါ်အခြေအနေ ကြေညာထားပြီး နယ်စပ်နေ ဒေသခံတွေ အရေးပေါ်ပြောင်းရွှေ့ဖို့ ပြင်ဆင်ထားကြဖို့လည်း တိုက်တွန်းထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up