ကိုပါအမေရိကပြိုင်ပွဲက ထွန်းတောက်လာသည့် လူငယ်ကစားသမား ၈ ဦး

ဂျွန်ဘရွတ်။ (ဓာတ်ပုံ - ကိုပါအမေရိက)
1.4K
ကိုပါအမေရိကပြိုင်ပွဲ ပထမအကျော့ပွဲစဉ်တွေ အပြီးမှာတော့ ပြိုင်ပွဲကနေ ထွန်းတောက်လာတဲ့ လူငယ်ကစားသမား ၈ ဦးကို ကိုပါအမေရိကပြိုင်ပွဲက ရွေးချယ်လိုက်ပါတယ်။
ဒီလူငယ်တွေဟာ အသင်းကို ဒုတိယအဆင့် တက်ရောက်ရာမှာ ကူညီခဲ့သလို ဒီပြိုင်ပွဲကနေ ထွန်းတောက်လာတယ်လို့ ကိုပါအမေရိက ၂၀၁၆ ၀က်ဆိုက်မှာ ဖော်ပြပါတယ်။
အက်ဝင် ကာဒိုနာ - ကိုလံဘီယာ
အုပ်စု အေ မှာ ၆ ဂိုးရထားတဲ့ ကိုလံဘီယာအသင်းရဲ့ တိုက်စစ်အတွက် အက်ဝင် ကာဒိုနာဟာ အဓိကနေရာကနေ ပါတယ်လို့ ဆိုပါတယ်။ တိုက်စစ်အားသန်တဲ့ အလယ်တန်းကစားသမားဟာ ဘောလုံးပေးပို့မှုပေါင်း ၈၉ ကြိမ်အထိ ရှိခဲ့ပါတယ်။ ကိုယ်တိုင် ဂိုးမသွင်းနိုင်သေးပေမယ့် အမေရိကန်နဲ့ အဖွင့်ပွဲမှာ ဂိုးသွင်းနိုင်ဖို့အတွက် ၂ ကြိမ် ကူညီခဲ့တယ်လို့ ဆိုပါတယ်။ ပါရာဂွေးကို ၂ ဂိုး ၁ ဂိုးနဲ့ နိုင်တဲ့ပွဲမှာလည်း ရော်ဒီဂွတ်ဇ် ဂိုးသွင်းနိုင်ဖို့ ဖန်တီးပေးခဲ့ပါတယ်။
[caption id="attachment_155050" align="aligncenter" width="718"]
ဂျွန်ဘရွတ်။ (ဓာတ်ပုံ - ကိုပါအမေရိက)[/caption]
ဂျွန်ဘရွတ် - အမေရိကန်
ဂျာမနီ ဘွန်ဒစ်လီဂါကလပ် ဟာသာဘာလင် ဗဟိုခံစစ်မှူးဟာ အမေရိကန်အသင်းမှာလည်း လေးစားဖွယ်ရာခြေစွမ်းကို ပြသခဲ့ပါတယ်။ ပထမပွဲမှာ ကိုလံဘီယာကို ရှုံးနိမ့်သွားပေမယ့် နောက် ၂ ပွဲမှာ အမေရိကန်အသင်းကို ဂိုးသိပ်မပေးရတဲ့ အသင်းအဖြစ် သူက စွမ်းဆောင်ပြခဲ့ပါတယ်။ ပါရာဂွေးနဲ့ပွဲမှာ ဖြတ်တင်ဘော ၁၅ လုံးကို ရှင်းထုတ်ပြီး သူရဲ့ ခြေစွမ်းကို ပြသခဲ့ပါတယ်။
ခရစ္စတီယန် နိုဘိုအာ - အီကွေဒေါ
ဒုတိယအဆင့် တက်ရောက်နိုင်ရေးအတွက် ဟေတီကို အနိုင်ကစားဖို့ လိုအပ်တဲ့ပွဲမှာ ခရစ္စတီယန်နိုဘိုအာက ကွင်းလယ်ကို ထိန်းချုပ်ခဲ့ပါတယ်။ ၁၁ မိနစ်မှာ ဗလင်စီယာ သွင်းယူမယ့် ဂိုးကို ဖန်တီးပေးခဲ့သလို ပွဲကို ၄ ဂိုး ဂိုးမရှိနဲ့ အနိုင်ကစားခဲ့ပါတယ်။ အုပ်စုပွဲမှာ ပေးပို့မှု ၁၅၀ အထိ လုပ်ဆောင်ထားပြီး ဘရာဇီး၊ ပီရူးတို့ကို သရေကစားခဲ့ပါတယ်။
[caption id="attachment_155051" align="aligncenter" width="734"]
ခရစ္စတီယန် ကူအဲဗာ။ (ဓာတ်ပုံ - ကိုပါအမေရိက)[/caption]
ခရစ္စတီယန် ကူအဲဗာ - ပီရူး
အုပ်စုဘီမှာ ပီရူးက ပထမဖြစ်မယ်လို့ ဘယ်ကျွမ်းကျင်သူကမှ မခန့်မှန်းထားခဲ့ပေမယ့် ခရစ္စတီယန် ကူအဲဗာကြောင့် ဒုတိယအဆင့်ကို တက်ရောက်လာတယ်လို့ ဆိုပါတယ်။ သူဟာ ကွင်းလယ်ကို စိုးမိုးထားပြီး ဘောလုံးပေးပို့မှုပေါင်း ၁၀၅ ကြိမ်ထိ အောင်အောင်မြင်မြင် လုပ်ဆောင်နိုင်တယ်လို့ ဆိုပါတယ်။ အီကွေဒေါနဲ့ပွဲမှာလည်း ကိုပါပြိုင်ပွဲရဲ့ အကောင်းဆုံး အဖွင့်ဂိုးတဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။
အလက်ဇန္ဒာရိုဂဲယာ - ဗင်နီဇွဲလား
ဗင်နီဇွဲလားအသင်းဟာ ကိုပါအမေရိကပွဲမှာ ဒုတိယအဆင့် တက်ရောက်ဖို့အတွက် ထင်မှတ်မထားပေမယ့် အလက်ဇန္ဒာရိုဂဲယာကတော့ အရေးပါတဲ့ အခွင့်အရေးတွေ ဖန်တီးပေးခဲ့ပါတယ်။ ဥရုဂွေးကို ၁ ဂိုး ဂိုးမရှိနဲ့ နိုင်တဲ့ပွဲမှာ ဥရုဂွေးဂိုးသမားက ရှေ့တန်းတိုက်စစ်မှူးတဦး သွင်းယူတဲ့ဂိုးကို ပုတ်ထုတ်လိုက်တာ လူတွေ မှတ်မိကြမယ်ထင်ပါတယ်။ ဗင်နီဇွဲလား ဒုတိယအဆင့် တက်ရောက်ရေးအတွက် သူက အရေးပါတဲ့ ကူညီမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ ဥရုဂွေးနဲ့ပွဲမှာလည်း သူက အရေးပါတဲ့ ဖန်တီးမှုကို လုပ်ဆောင်ခဲ့ပါတယ်။
[caption id="attachment_155052" align="aligncenter" width="728"]
ဂျီးဆပ် မန်နျူရယ် ကော်ရိုနာ။ (ဓာတ်ပုံ - ကိုပါအမေရိက)[/caption]
ဂျီးဆပ် မန်နျူရယ် ကော်ရိုနာ - မက္ကဆီကို
အုပ်စုပွဲစဉ်အဖြစ် ဗင်နီဇွဲလားနဲ့ပွဲမှာ ကော်ရိုနာရဲ့ မိနစ် ၈၀ မှာသွင်းယူတဲ့ ချေပဂိုးကတော့ အရေးပါတဲ့ဂိုးတဂိုး ဖြစ်ခဲ့ပါတယ်။ ၁၀ မိနစ်ကျန်တဲ့အချိန်မှာ နောက်ခံလူ ၂ ဦးကို လိမ်ခေါက်ပြီး သွင်းယူသွားတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ဒုတိယအဆင့်တက်ရောက်ဖို့ အရေးပါတဲ့ ဂျမေကာနဲ့ပွဲမှာလည်း အသင်းဖော် ဂိုးသွင်းဖို့အတွက် ကော်ရိုနာက ကူညီပေးခဲ့ပါတယ်။
အေဗဲ ဗာနီဂါ - အာဂျင်တီးနား
အုပ်စုဒီက ချီလီနဲ့ အဖွင့်ပွဲမှာ မက်ဆီမပါပေမယ့်လည်း အင်တာမီလန်အသင်းမှာ ကစားနေတဲ့ အေဗဲဗာနီဂါက အသင်းဖော် ဒီမာရီယာ ပထမဂိုးသွင်းယူဖို့အတွက် ဆင်ပေးခဲ့သလို နောက်ပိုင်းမှာလည်း ကိုယ်တိုင် ဂိုးသွင်းယူခဲ့ပါတယ်။ ဒီပြိုင်ပွဲမှာ ၁ ဂိုးသာ သွင်းယူခဲ့ပေမယ့် အာဂျင်တီးနားတိုက်စစ်ကို ဗာနီဂါက အထောက်အကူပြုခဲ့ပြီး ၉၅ ဒသမ ၅ ရာခိုင်နှုန်းအထိ ပေးပို့ခဲ့ပါတယ်။ အာဂျင်တီးနားအသင်းဟာ ပြိုင်ပွဲမှာ ၉ မှတ်ရပြီး ဒုတိယအဆင့် တက်ရောက်နိုင်တဲ့ အသင်းတသင်းလည်း ဖြစ်ပါတယ်။
[caption id="attachment_155054" align="aligncenter" width="732"]
ဂွန်ဇာလို ဂျာရာ။ (ဓာတ်ပုံ - ကိုပါအမေရိက)[/caption]
ဂွန်ဇာလို ဂျာရာ - ချီလီ
အုပ်စုပွဲမှာ ချီလီက အကောင်းဆုံးကစားသမားကို ပြပါဆိုရင်တော့ ဂွန်ဇာလို ဂျာရာကို ပြရမှာ ဖြစ်ပါတယ်။ ချီလီခံစစ်မှူးဟာ ဒီပြိုင်ပွဲမှာ ပွဲတိုင်းကစားခဲ့ပြီး ပေးပို့မှုပေါင်း ၂၄၂ ကြိမ်ပြုလုပ်ခဲ့ပြီး ၉၁ ဒသမ ၃ ရာခိုင်နှုန်းအထိ အောင်မြင်တယ်လို့ ဆိုပါတယ်။ ဂျာရာရဲ့ခံစစ်က မာသလို ကစားပွဲမှာ ဒုတိယအကောင်းဆုံး ခံစစ်သမားလို့ သတ်မှတ်ထားပါတယ်။