A d v e r t i s e m e n t With Us

မြေထဲပင်လယ်ထဲ ပျက်ကျခဲ့သည့် အီဂျစ်လေယာဉ် အစိတ်အပိုင်းများ ရှာဖွေတွေ့ရှိ

ဓာတ်ပုံ - ရိုက်တာ
ပြီးခဲ့တဲ့လက မြေထဲပင်လယ်ထဲမှာ ပျက်ကျသွားတဲ့ အီဂျစ်လေကြောင်းလိုင်း လေယာဉ် အစိတ်အပိုင်းတွေကို ရှာဖွေတွေ့ရှိပြီလို့ အီဂျစ်စုံစမ်းရှာဖွေရေး အာဏာပိုင်တွေက ဇွန်လ ၁၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ လေယာဉ်ပျက် အစိတ်အပိုင်း တွေ့ရှိခဲ့တဲ့နေရာတွေ တခုထက်မက တွေ့ရှိထားပြီး ရေနက်ရှာဖွေရေး ကိရိယာက ပေးပို့တဲ့ ပထမဆုံး လေယာဉ်အစိတ်အပိုင်း ဓာတ်ပုံတွေကိုလည်း ရရှိထားပြီလို့ အီဂျစ်အစိုးရ ကြေညာချက်က ဆိုပါတယ်။ ပျက်ကျသွားတဲ့ အီဂျစ်လေကြောင်းလိုင်း လေယာဉ်ဟာ ပြီးခဲ့တဲ့ မေလ ၁၉ ရက်နေ့က ပါရီမြို့တော်ကနေ ကိုင်ရိုမြို့တော်ကို ပျံသန်းရှင်း လိုက်ပါသူ ၆၆ ဦးနဲ့ ပျက်ကျခဲ့တာပါ။ ရေဒါပေါ်ကနေ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ပြီး လေယာဉ်မှူးတွေရဲ့ အရေးပေါ် အကူအညီတောင်းခံမှုလည်း မရှိခဲ့ဘူးလို့ ဆိုပါတယ်။ အခုလအစောပိုင်းက လေယာဉ်မှတ်တမ်းသေတ္တာ ၂ ခုထဲက ၁ ခုကနေ ထုတ်လွှတ်တဲ့ Signal တွေ ရရှိခဲ့တယ်လို့ လေယာဉ်ပျက်ရှာဖွေရေး အဖွဲ့တွေက ပြောဆိုခဲ့ကြပါတယ်။ အဲ့ဒီ လေယာဉ်မှတ်တမ်း သေတ္တာတွေဟာ ပျက်ကျပြီး တလအကြာ အခုလ ဇွန်လ ၂၄ ရက်နေ့အထိပဲ Signal တွေကို ထုတ်လွှတ်နိုင်မှာပါ။ လေယာဉ်ပျက်ကျသွားရခြင်း အကြောင်းရင်း အတိအကျကို မသိရသေးသလို အကြမ်းဖက် အဖွဲ့အစည်းတွေက သူတို့တွေရဲ့ လက်ချက်ပါလို့ လက်ရှိအချိန်အထိ တာဝန်ခံ ကြေညာတာလည်း မရှိသေးပါဘူး။

A d v e r t i s e m e n t With Us

More News
Up