A d v e r t i s e m e n t With Us

နေပြည်တော်တွင် ၂၂ ဘီးဆီတင်ကား တိမ်းမှောက်၊ ယာဉ်မောင်း ဒဏ်ရာရ

နေပြည်တော်၊ ပျဉ်းမနား မြို့ရှောင်လမ်း မိုင်တိုင်အမှတ် ၁၅/၂၊ အာဟာရသုခဈေးနဲ့ ဘောဂသီရိကားဝန်းအနီး အောက်တိန်း ၉၂ ဆီ ၈၇၀၀ ဂါလံတင်ဆောင်လာတဲ့ JAC ၂၂ ဘီးကား တိမ်းမှောက်မှု ဇွန်လ ၁၆ ရက်နေ့ နေလည်ပိုင်းက ဖြစ်ပေါ်ခဲ့ပါတယ်။ ဆီဘောက်စာ ကားဟာ ဇွန်လ ၁၅ ရက်နေ့က ရန်ကုန် သီလဝါဆိပ်ကမ်းကနေ ဆီတင်ဆောင် ထွက်လာခဲ့တာဖြစ်ပြီး လွိုင်ကော်သို့ ပို့မှာဖြစ်တယ်လို့ သိရပါတယ်။ ယာဉ်မောင်းကတော့ အနည်းငယ်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေပြည်တော် ကုတင် (၂၀၀) ဆေးရုံသို့ ပို့ဆောင်ထားတယ်လို့သိရပါတယ်။  

A d v e r t i s e m e n t With Us

More News
Up