ခွေးနှင့် ဂဏန်းတို့၏ ရန်ပွဲ (ရုပ်သံ)
အမေရိကန်ပြည်ထောင်စု ဗာဂျီးနီးယားက ကမ်းခြေတခုမှာ ခွေးတကောင်နဲ့ ဂဏန်းတို့ ရန်ဖြစ်နေတဲ့ ရုပ်သံတခု အင်တာနက်ပေါ်မှာ ပျံ့နှံ့နေပါတယ်။
ခွေးကလေးတကောင်က ဂဏာန်းကိုတွေ့ပြီး စူးစမ်းတဲ့အနေနဲ့ သွားရောက် နမ်းရှုပ်စဉ် ဂဏန်းက လက်မနဲ့ညှပ်ဖို့ ကြိုးစားခဲ့တာပါ။
ခွေးကလေးက အလန့်တကြားနဲ့ ထခုန်လိုက်ပြီးနောက် ပျော်မြူးသွားပြီး ဂဏန်းကို ပတ်ပတ်လည် ပြေးရင်း စနေတာကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။
ခွေးကလေးက ဂဏန်းကို တစုံတရာ ရန်လိုတဲ့သဘော မတွေ့ရဘဲ အမြီးတနံ့နဲ့နဲ့ ဂဏန်းကို စူးစမ်းခဲ့ပါတယ်။
ခွေးနဲ့ ဂဏန်းတို့အကြားက ချစ်စရာ ရန်ပွဲဆိုပြီး ရုပ်သံကို ဗြိတိန် ဒေးလီးတယ်လီဂရပ် ၀က်ဆိုက်မှာ ဖော်ပြခဲ့ပါတယ်။