မန္တလေးတွင် သိန်းပေါင်းသောင်းချီတန်သည့် အဖက်ဒရင်းမှုန့်များ ထပ်မံဖမ်းဆီးမိ

စစ်ကိုင်းတိုင်းတွင် အဖက်ဒရင်းမIန့် ကာလပေါက်ဈေး သိန်း ၃ ထောင်ကျော်ဖိုး ဖမ်းဆီးရမှုကို ရဲက နောက်ဆက်တွဲဖော်ထုတ်ရာမှာ မန္တလေးတိုင်းမှာ သိန်း ၄ သောင်းဖို့ခန့် အဖက်ဒရင်း ဆေးမှုန့်နဲ့ ဆေးပြားတွေ ထပ်မံဖော်ထုတ်ဖမ်းဆီးရမိခဲ့ပါတယ်။
ဇွန်လ ၁၄ ရက်နေ့က မုံရွာကနေ မန္တလေးကိုလာတဲ့ ကားတစီးရဲ့နောက်ခန်းမှာ ၀ှက်ပြီး သယ်ဆောင်လာတဲ့ အဖက်ဒရင်း အလေးချိန် ၆၁ ဒသမ ၅ ကီလိုဂရမ် (ကာလတန်ဖိုးငွေ ကတော့ ၃၀၇၅ သိန်းဖိုး) ဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းစိုးဦးနဲ့အတူ လိုက်ပါလာတဲ့ ထက်နေဇင် ခေါ် လုံးလုံးတို့ကို စစ်ဆေးနေပါတယ်။
သူတို့ကို စစ်ဆေးဖော်ထုတ်ချက်အရ မန္တလေးမှာ ၂ နေရာ ထပ်မံဖမ်းဆီးရမိခဲတယ်လို့ ဒီသတင်းနဲ့ပတ်သက်လို့ စစ်ကိုင်းတိုင်းရဲမှူးကြီး ဉာဏ်သောင်းကို မေးမြန်းခဲ့တဲ့ ဒီဗွီဘီ သတင်းထောက် ကိုအောင်အောင်နိုင်က ပြောပါတယ်။
သူက “စစ်ကိုင်းမှာ မိပြီးတော့ သူက ဆက်လက်ဖော်ထုတ်တဲ့အခါ မန္တလေးမှာ ၂ နေရာ ထပ်မိတယ်။ ၂ နေရာက ကီလို ၇၅၀ လောက်မိတယ်။ အမှတ် ၁ ရဲစခန်းအပိုင် ပြည်ကြီး တံခွန်ရယ်၊ အမှတ် ၅ ရဲစခန်းအပိုင် ၈၆ လမ်း (၁၉x၁၈) လမ်းကြားမှာ ၁၄ ရက်နေ့က ဖမ်းမိတာ။ စစ်ကိုင်းမှာတော့ ၆၁ ကီလို သိန်း ၃ ထောင်ကျော်ဖိုး။ မန္တလေးမှာတော့ သိန်း လေးသောင်းနီးပါးဖိုးလောက်ပဲ။ သူက တကီလိုကို သိန်း ၅၀ သတ်မှတ်ထားတာကိုး။ ကား ပိုင်ရှင်နဲ့ ပိုင်ရှင်အိမ် ၂ အိမ်က လင်မယား မိထားတယ်။ ပုဒ်မတွေနဲ့ အရေးယူထား တယ်”လို့ ပြောပါတယ်။
ရဲတပ်ဖွဲ့ရဲ့ရက်တရာစီမံချက်ကာလအတွင်း စစ်ကိုင်းနဲ့ မန္တလေးမှာ စံချိန်တင်ဖမ်းဆီးရရှိမှု ဖြစ်ပါ တယ်။ အဖက်ဒရင်းတွေကို အိန္ဒိယနယ်စပ် တမူးမြို့ကနေ မုံရွာ၊ မုံရွာကနေ မန္တလေးကို သယ်ဆောင်ခဲ့ကြတာဖြစ်ပါတယ်။
ပြန်ကြားရေးဝန်ကြီးဌာနသတင်းမှာလည်း စစ်ကိုင်းမှာဖမ်းဆီးမှု ကွင်းဆက်အဖြစ် ထက်နေဇင် နေထိုင်တဲ့ မန်းတလေးအောင်မြေသာစံနေအိမ်မှာ အက်ဖီဒရင်း ကီလို ၅၀၀ နဲ့ အက်ဖီဒရင်း ဆေးပြား ၁၂၅၀၀၀ ကို သိမ်းဆည်းရမိခဲ့၊ ပြည်ကြီးတံခွန်မြို့နယ်မှာ ဆူဒိုအက်ဖီဒရင်းဆေးပြား ၁ဝ၅ဝဝဝဝ ထပ်မံသိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။