A d v e r t i s e m e n t With Us

ဘောလုံးပရိသတ်များကို ပြင်သစ်ဖမ်းဆီးထိန်းသိမ်းမှု ရုရှားအစိုးရ အပြင်းအထန် ဝေဖန်

ဓာတ်ပုံ - ရိုက်တာ
ယူရို ၂၀၁၆ ဘောလုံးပြိုင်ပွဲမှာ ရုရှားဘောလုံးပရိသတ်တွေကို ပြင်သစ်ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့တာနဲ့ ပတ်သက်ပြီး ပြင်သစ်ကို ရုရှားအစိုးရက အပြင်းအထန် ဝေဖန်လိုက်ပါတယ်။ မြို့တော် မော်စကိုမှာ ပြင်သစ်သံအမတ်ကိုလည်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဆင့်ခေါ်ပြီး ကန့်ကွက်ခဲ့ပါတယ်။ အခုလို ရုရှားဆန့်ကျင်ရေးလုပ်ရပ်တွေ ပြင်သစ်နိုင်ငံက ထပ်လုပ်မယ်ဆိုရင် နှစ်နိုင်ငံဆက်ဆံရေးကို ဆိုးဆိုးဝါးဝါး ထိခိုက်နိုင်တယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောဆိုပါတယ်။ ပြီးခဲ့တဲ့တပတ်က မာဆေးမြို့မှာ အင်္ဂလန်ပရိသတ်တွေနဲ့ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခမှုနဲ့ ရုရှားဘောလုံးပရိသတ် ၄၃ ဦးကို ပြင်သစ်အစိုးရက ဖမ်းဆီးခဲ့တဲ့အပေါ် ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂျီလာဗရော့က အပြင်းအထန် ဝေဖန်ရှုတ်ချခဲ့တာပါ။ ပြီးခဲ့တဲ့ ဇွန် ၁၅ ရက်နေ့ကလည်း လီလီမြို့မှာ ပြဿနာဖြစ်ခဲ့တဲ့ ရုရှားပရိသတ် ၄ ဦးကို ပြင်သစ်နိုင်ငံက နှင်ထုတ်ခဲ့ပါတယ်။ အင်္ဂလန်နဲ့ ယှဉ်ပြိုင်ကစားတဲ့နေ့မှာ ဖြစ်ပွားခဲ့တဲ့ ရန်ပွဲတွေနဲ့ပတ်သက်ပြီး ရုရှားဘောလုံးအဖွဲ့ချုပ်ကို ဥရောပဘောလုံးအဖွဲ့ချုပ် (ယူအီးအက်ဖ်အေ) က ဆိုင်းငံ့အပြစ်ဒဏ်နဲ့ ဒဏ်ကြေးတပ်ခဲ့ပါတယ်။ ရုရှားနိုင်ငံခြားရေးဝန်ကြီးကတော့ ရုရှားဘောလုံးပရိသတ်တွေကို ပြင်သစ်ရဲတပ်ဖွဲ့က လုံခြုံရေး စစ်ဆေးတာနဲ့ ပတ်သက်ပြီး ရုရှားဘောလုံးပရိသတ်တွေက သိပ်မကျေနပ်ကြဘူးလို့ ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up