A d v e r t i s e m e n t With Us

ထိုင်းစစ်ဝတ်စုံဝတ်အမျိုးသားက အမျိုးသမီးတဦးကို ဘတ်စ်ကားပေါ်ထိုးကြိတ်သည့်ရုပ်သံ ဝေဖန်မှုများ

ထိုင်းနိုင်ငံ ဘန်ကောက် အူဘန်းခဲန်မှ ခလောင်းတွေကြား ပြေးဆွဲနေတဲ့ အမှတ် ၁၀၇ ဘတ်စ်ကားတစ်စီးပေါ်မှာ စစ်ဝတ်စုံ ၀တ်ထားတဲ့ အမျိုးသားတဦးမှ သူ့ဘေးက အမျိုးသမီးကို အကြိမ်ပေါင်းများစွာ ထိုးကြိတ်ရိုက်နှက်နေတဲ့ ဗွီဒီယိုကလစ်ဖိုင် လူမှုကွန်ရက်မှာ ရေပန်းစား နေပြီး ဝေဖန်မှုတွေလည်း ရှိနေပါတယ်။ ခရီးသည်ထိုင်ခုံပေါ်မှာ နှစ်ယောက်ယှဉ်ထိုင်ရင်း အမျိုးသားက အမျိုးသမီးကို (မင်းဘယ်လို လုပ်လိုက်တာလဲ) လို့ အဓိပ္ပါယ်ရတဲ့ စကား အကြိမ်ကြိမ်ပြောဆိုပြီး ကားပေါ်က ခရီးသည်တွေ ကို ဂရုမစိုက်ဘဲ လက်သီးနဲ့ထိုး၊ ဆံပင်ကို ဆောင့်ဆွဲနေတဲ့ပုံကို လူတယောက်က ဗွီဒီယို ရိုက်ယူပြီး သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ် တင်ခဲ့ပါတယ်။ ဇွန်လ ၁၅ ရက်နေ့က တင်ခဲ့တဲ့ အဆိုပါ ဗွီဒီယိုကလစ်ကို ရှယ်လ်ယူသွားသူပေါင်း ၅ သောင်းကျော်ရှိပြီး ကွန်မဲင့် အများစုက ထိုင်းတပ်သားတွေကို ပြစ်တင်ဝေဖန်နေကြပေမယ့် ဒီကိစ္စနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာမှ အရေးယူဆောင်ရွက်တဲ့ သတင်းကိုတော့ မတွေ့ရသေး ပါဘူး။

A d v e r t i s e m e n t With Us

More News
Up