A d v e r t i s e m e n t With Us

မိလ္လာရေဆိုးမြောင်းထဲ ပြုတ်ကျသည့် ကျွဲကို ကရိန်းနှင့် ဆွဲတင်ကယ်ဆယ် (ရုပ်သံ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း၊ ဂွီကျိုးခရိုင်၊ အန်ချန်မြို့မှာ ဇွန်လ ၁၂ ရက်နေ့က မိလ္လာရေဆိုးမြောင်းထဲ ပြုတ်ကျပြီး ပိတ်မိနေခဲ့တဲ့ ကျွဲတကောင်ကို ကယ်ဆယ်ရေးသမားတွေက ခက်ခက်ခဲခဲ ကယ်တင်ခဲ့ရပါတယ်။ အဲဒီနေ့ နေ့လယ်ပိုင်းမှာ အဆိုပါကျွဲဟာ စားကျက်လွှတ်ထားချိန် ပွင့်နေတဲ့ မိလ္လာရေဆိုးမြောင်းထဲကို ခြေချော်ကျခဲ့တာလို့ စီစီတီဗွီသတင်းမှာ ဖော်ပြပါတယ်။ ပိုင်ရှင်က အကူအညီတောင်းခဲ့တဲ့အတွက် ကယ်ဆယ်ရေးသမားတွေဟာ မြောင်းအတွင်းက ကျွဲကို ကြိုးနဲ့ချည်ပြီး ကရိန်းနဲ့ မတင်ကယ်ဆယ်ခဲ့ရတာပါ။ ကယ်ဆယ်ရေးသမားတွေဟာ အချိန်နာရီဝက်ကြာအောင် ကြိုးစားခဲ့ပြီးနောက်မှာတော့ ကျွဲကို အပေါ်ရောက်အောင် ဆွဲတင်နိုင်ခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up