၂ နှစ်ကလေး မိကျောင်းဆွဲခံရသည့် ကန်အတွင်းမှ မိကျောင်းများကို ရိုက်ကူးသည့်ရုပ်သံ ထွက်ပေါ် (ရုပ်သံ)
အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါက ဝေါလ်ဒစ္စနီရီဆော့မှာ ၂ နှစ်သား မိကျောင်းဆွဲခံရတဲ့ ကန်အတွင်းက မိကျောင်းတွေကို ရိုက်ကူးထားတဲ့ ရုပ်သံဟာ အင်တာနက်ပေါ်မှာ ပျံ့နှံ့လာပါတယ်။
လွန်ခဲ့တဲ့ ၂ လလောက်က မိကျောင်းတွေရှိနေတဲ့ ဒီကန်ကို ရိုက်ကူးထားတာဖြစ်ပြီး ကလေး မိကျောင်းဆွဲခံရတဲ့နောက် ဒီရုပ်သံကို ဖြန့်ချိခဲ့တာ ဖြစ်ပါတယ်။
ရုပ်သံကို အင်တာနက်ပေါ် တင်တဲ့သူကတော့ အော်လန်ဒိုရဲ့ နေရာတိုင်းမှာ မိကျောင်းတွေကို တွေ့ရတဲ့အတွက် ဒစ္စနီကို ဒီကိစ္စ အသိမပေးခဲ့ဘူးလို့ ရေးသားထားပါတယ်။
ဇွန် ၁၄ ရက် ည ၉ နာရီလောက်မှာ ၂ နှစ်အရွယ် ကလေးငယ်က ဒီရေကန်ထဲမှာ ဆော့ကစားနေစဉ် မိကျောင်းက တိုက်ခိုက်ပြီး ဆွဲသွားတာ ဖြစ်ပါတယ်။
ဇွန် ၁၅ ရက် မနက် ၁ နာရီ ၄၅ မိနစ်မှာ ကလေးရဲ့အလောင်းဟာ တစုံတရာ မပျက်မစီးဘဲ ကမ်းခြေနဲ့ ၁၅ ပေလောက်အကွာမှာ ပြန်တွေ့ခဲ့ပါတယ်။