ရွှံ့ထူထူထဲ နစ်မြုပ်ခဲ့သော်လည်း သေကံမရောက် သက်မပျောက်သည့် အဘိုးအို (ရုပ်သံ)

1.3K
တရုတ်နိုင်ငံ၊ အန်ဟွီးခရိုင်၊ ဇူအန်ချန်းမြို့က မြစ်ပြင် ရွှံ့ထူထူထဲမှာ နစ်မြုပ်နေခဲ့တဲ့ အဘိုးအိုတဦးကို ရဲတွေက ခက်ခက်ခဲခဲ တူးဆွ ကယ်တင်ခဲ့ရပါတယ်။
အရေးပေါ် ကူညီကယ်ဆယ်ရေးအတွက် ဆက်သွယ်မှုရပြီးနောက်မှာ ရဲတွေဟာ အခင်းဖြစ်တဲ့နေရာဆီ အလျင်အမြန် သွားရောက်ကယ်တင်ခဲ့ကြရတာပါ။
ရဲတွေဟာ ဘိလပ်မြေတွေလိုဖြစ်နေတဲ့ ရွှံ့ပြင်ထဲက အဘိုးအိုရဲ့ခေါင်းကို ထူမတ်ကာ ကိုယ်ခန္ဓာပေါ်က ရွှံ့တွေကို တလွှာချင်း တူးဆွ ဖယ်ထုတ်ခဲ့ကြရပါတယ်။
အဲဒီနောက်မှာတော့ လူအင်အားသုံးပြီး ကမ်းဘက်ဆီ ဆွဲတင်ခဲ့ကြတာကို စီစီတီဗွီသတင်းမှာ ဖော်ပြပါတယ်။
အချိန်တနာရီနီးပါးကြာမြင့်အောင် ကြိုးစားခဲ့ချိန်မှာတော့ အဘိုးအိုကို အောင်မြင်စွာ ဆွဲထုတ်နိုင်ခဲ့ပြီး ဆေးစစ်ကုသမှုတွေ ဆက်လုပ်နိုင်ဖို့ ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။
အဘိုးအိုဟာ ဇွန်လ ၁၁ ရက်နေ့မှာ မြစ်ကမ်းတလျှောက် လမ်းလျှောက်ထွက်လာချိန်မှာ ရွှံ့ပြင်ထဲ မတော်တဆ ခြေချော်ကျခဲ့တာဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။