A d v e r t i s e m e n t With Us

ဖြူးမြို့နယ်ခန်းမကို သူရရွှေမန်းခန်းမအဖြစ် အမည်ပြောင်းလဲ

ဖြူးမြို့နယ်က အသစ်ပြန်လည်မွန်းမံတည်ဆောက်ထားတဲ့ မြို့နယ်ခန်းမနာမည်ကို ပြီးခဲ့တဲ့ ရက်ပိုင်းက သူရရွှေမန်းခန်းမလို့ အမည်ပြောင်းလဲခဲ့ပါတယ်။ ဒါ့အပြင် သူရဦးရွှေမန်းကို အလှူရှင်အဖြစ်သတ်မှတ်ပြီး ခန်းမကို အခမဲ့ ငှားရမ်းသုံးစွဲခွင့်ပြုထားသလို တိုင်းဒေသကြီး ဝန်ကြီးချုပ်နဲ့အထက် ဌာနဆိုင်ရာများကိုလည်း အခမဲ့ ငှားရမ်းအသုံးပြုခွင့် ပြုထားပါတယ်။ ၂၀၁၅ ခုနှစ်ကပြုလုပ်တဲ့ အစည်းအဝေး မှတ်တမ်းအရ အလှူရှင်စာရင်းထဲမှာ သူရဦးရွှေမန်း ပါဝင်ခြင်းတော့ မရှိပါဘူး။ အဲ့ဒီခန်းမမှာ တရားပွဲ၊ စာပေဟောပြောပွဲနဲ့ မင်္ဂလာဆောင်ပွဲတွေ ကျင်းပရင်တော့ ခန်းမ ငှားရမ်းခကို ကောက်ခံသွားမှာဖြစ်ပါတယ်။ ခန်းမ ငှားရမ်းခကတော့ မင်္ဂလာဆောင်ပွဲတစ်ပွဲကို ၇ သောင်း၊ ခန်းမကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌကို အထွေထွေ ရန်ပုံငွေအတွက် ၅ သောင်း၊ သန့်ရှင်းရေး လုပ်အားခ အတွက် ၃ သောင်း ပေးဆောင်ရမှာဖြစ်ပါတယ်။ ခန်းမရဲ့ အတွင်းနဲ့အပြင် သန့်ရှင်းရေးကိုတော့ စည်ပင်သာယာက တာဝန်ယူကြီးကြပ် ဆောင်ရွက်ရမယ်လို့ ၂၀၁၅ ခုနှစ်ကပြုလုပ်တဲ့ ဖြူးမြို့နယ်ခန်းမသစ်ကြီးအား အများပြည်သူ အကျိုးရှိစွာ အသုံးပြုနိုင်ရေးအတွက် ပြုလုပ်တဲ့ အစည်းအဝေးမှာ သဘောတူထားတာ ဖြစ်ပါတယ်။ သတင်း - ကျော်အောင် (ကညွှတ်ကွင်း)

A d v e r t i s e m e n t With Us

More News
Up