A d v e r t i s e m e n t With Us

မိကျောင်းဆွဲခံရသည့် ၂ နှစ်ကလေးငယ်အလောင်း ပြန်တွေ့

ဓာတ်ပုံ - Orange County Sheriffs Office
အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါက ဝေါလ်ဒစ္စနီရီဆော့မှာ မိကျောင်းဆွဲခံရတဲ့ ၂ နှစ်အရွယ် ကလေးငယ်ရဲ့ အလောင်းကို ပြန်တွေ့တယ်လို့ ဆိုပါတယ်။ ဇွန် ၁၅ ရက် မနက် ၁ နာရီ ၄၅ မိနစ်မှာ ကလေးရဲ့အလောင်းဟာ တစုံတရာ မပျက်မစီးဘဲ ကမ်းခြေနဲ့ ၁၅ ပေလောက်အကွာမှာ ပြန်တွေ့တယ်လို့ အောရိန်းစီရင်စု တာဝန်ရှိသူတဦးက ပြောပါတယ်။ မိဘတွေဖြစ်တဲ့ မတ်နဲ့ မာလီဆာဂရေ့တို့ကိုလည်း ကလေးအလောင်း ပြန်တွေ့ပြီဆိုတာကို အကြောင်းကြားခဲ့သလို မိသားစုကတော့ စိတ်ကယောင်ချောက်ချား ဖြစ်ခဲ့ပေမယ့် နောက်ပိုင်းမှာ သက်သာသွားတယ်လို့ ဆိုပါတယ်။ ဝေါလ်ဒစ္စနီရီဆော့ကလည်း မိသားစုနဲ့အတူ ၀မ်းနည်းပူဆွေးမိတယ်လို့ ထုတ်ပြန်ပါတယ်။ မိကျောင်း ၅ ကောင်ကို ရေကန်ကနေ ပြန်လည်သယ်ဆောင်သွားပြီဖြစ်ပြီး မိကျောင်း ၅ ကောင်စလုံးကို သတ်ခဲ့ရတယ်လို့ ဆိုပါတယ်။ ရှာဖွေရေး လုပ်ဆောင်ရာမှာလည်း တာဝန်ရှိသူ အယောက် ၅၀ လောက် ပါဝင်ခဲ့ပါတယ်။ ဇွန် ၁၄ ရက် ည ၉ နာရီလောက်မှာ ၂ နှစ်အရွယ် ကလေးငယ်က ရေထဲဆော့ကစားနေစဉ် မိကျောင်းက တိုက်ခိုက်ပြီး ဆွဲသွားတာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up