ပရီးမီးယားလိဂ် ပွဲစဉ်များ ထွက်ပေါ်

1.3K
၂၀၁၆-၁၇ခုနှစ် ဘောလုံးရာသီအတွက် ပရီးမီးယားလိဂ် ဘောလုံးပြိုင်ပွဲ ပွဲစဉ်တွေကို ထုတ်ပြန်လိုက်ပါတယ်။
ထုတ်ပြန်လိုက်တဲ့ ပွဲစဉ်အရ သြဂုတ် ၁၃ ရက်မှာ ပရီးမီးယားလိဂ်ပြိုင်ပွဲတွေ စတင်မှာ ဖြစ်ပြီး ချန်ပီယံ လက်စတာက တန်းတက် ဟာလ်းစီးတီး အသင်းနဲ့ ကစားရမျာ ဖြစ်ပါတယ်။
ဒီရက်မှာပဲ အာဆင်နယ်နဲ့ လီဗာပူးလ်၊ မန်ယူချက်စတာ ယူနိုက်တက်က ဘုန်းမောက်နဲ့ ကစားရမှာ ဖြစ်ပါတယ်။
ဒါအပြင် မန်စီးတီးကတော့ ဆန်းဒါးလန်း၊ ချဲလ်ဆီးကတော့ ၀က်စ်ဟမ်းအသင်းနဲ့ ကစားရမှာ ဖြစ်ပါတယ်။
ဒီနှစ်မှာ ထူးခြားတဲ့ ပွဲစဉ်တွေကတော့ စက်တင်ဘာ ၁၀ ရက်မှာတော့ နည်းပြသစ် မော်ရင်ဟိုနဲ့ ဂွာဒီယိုလာတို့ရဲ့ မန်ယူနဲ့ မန်စီးတီးတို့ အိုးထရက်ဖိုဒ်မှာ ကစားကြရမှာလည်း ဖြစ်ပါတယ်။
ဒါအပြင် သြဂုတ် ၂၀ မှာတော့ ၀က်စ်ဟမ်းက အိုလံပစ်ကွင်းသစ်မှာ ဘုန်းမောက်ကို ဧည့်ခံကစားရမှာ ဖြစ်ပါတယ်။
ဒီနှစ်ထဲမှာတော့ မော်ရင်ဟိုရဲ့ မန်ယူက ချဲလ်ဆီးအသင်းကို အောက်တိုဘာ ၂၂ ရက်မှာ ကစားရမှာ ဖြစ်ပါတယ်။ နှစ်ကူးအကြိုညမှာတော့ လီဗာပူးက မန်စီးတီးနဲ့ ကစားရမယ့် ပွဲစဉ်တွေ ဖြစ်ပါတယ်။