လေထဲပျံဝဲပြီး ဆန့်ကျင်ဘက်လမ်းမှ ကားကို ၀င်တိုက်သည့် ဂျစ်ကား (ရုပ်သံ)

4.4K
ဗင်နီဇွဲလားနိုင်ငံ တိုကျူရစ်တိုမြို့မှာ ဂျစ်ကားတစီးဟာ အရှိန်လွန်ပြီး ဆန့်ကျင်ဘက် ကားလမ်းထဲက ကားကို တိုက်မိခဲ့ပါတယ်။
ဇွန် ၁၄ ရက်က ဖြစ်ပွားခဲ့တာဖြစ်ပြီး ဒီမတော်တဆမှုကြောင့် ၁ ဦးသေ၊ ၃ ဦး ဒဏ်ရာရသွားပါတယ်။
အရှိန်နဲ့ မောင်းနှင်လာတဲ့ကားကို တဘက်ကားလမ်းကနေ ပျံဝဲရောက်လာတဲ့ ဂျစ်ကားက အရှိန်လွန်ပြီး တိုက်မိခဲ့တာ ဖြစ်ပါတယ်။
ဒီလိုတိုက်ခိုက်မိချိန်မှာ အနီးနားက လူတွေကလည်း ထွက်ပြေးခဲ့သလို ကားလမ်းပေါ်မှာ ရပ်ထားတဲ့ မှန်လုံကားပေါ်က လူတွေကလည်း ဆင်းပြေးခဲ့ကြပါတယ်။
ဒီဖြစ်ရပ်ကို ရိုက်ကူးထားတဲ့ ရုပ်သံကို liveleakရဲ့ ၀က်ဆိုက်မှာ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။