မိကျောင်းဆွဲခံရသည့် ၂ နှစ်အရွယ် ကလေးငယ်ကို လိုက်လံရှာဖွေ

မိကျောင်းဆွဲခံရသည့် ကလေးငယ်ကို ရဲတပ်ဖွဲ့ဝင်များ ရှာဖွေနေစဉ်။ (ဓာတ်ပုံ - news.sky.com)
1K
အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါက ဒစ္စနီရဲ့ Grand Floridian Resort & Spa မှာ မိကျောင်းဆွဲသွားတဲ့ ၂ နှစ်ကလေးကို ဇွန် ၁၅ ရက် မနက်ပိုင်းမှာ ရဲတွေက ရှာဖွေနေပါတယ်။
ဇွန် ၁၄ ရက် ည ၉ နာရီလောက်မှာ ၂ နှစ်ကလေးငယ်က ရေထဲဆော့ကစားနေစဉ် မိကျောင်းက တိုက်ခိုက်ပြီး ဆွဲသွားတာလို့ အော်ရင်းစီရင်စုက ရှရက်ဂျယ်ရီဒီမင်းက ပြောပါတယ်။
အခင်းဖြစ်တဲ့အချိန် ဖခင်က အနီးနားမှာ ရှိနေသလို မိကျောင်းက လာရောက်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ဖခင်က ကလေးကိုပြန်ရဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့သလို လက်မှာလည်း ဒဏ်ရာတွေ ရရှိခဲ့တဲ့အတွက် အနီးက တခြားလူတွေကို အကူအညီ တောင်းခံခဲ့ပါတယ်။
မိခင်ကလည်း ကူညီဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူးလို့ ဆိုပါတယ်။
လက်ရှိမှာတော့ လူ ၅၀ လောက်က ရေကန်မှာ ရှာဖွေရေး လုပ်ဆောင်နေပါတယ်။
ဒီနေရာ အနီးတ၀ိုက်ကိုလည်း ပိတ်ထားခဲ့သလို ဒီနေရာမှာ ရေမကူးဖို့ သတိပေးချက် ထုတ်ပြန်ထားတယ်လို့ ပန်းခြံ တာဝန်ရှိသူတွေက ပြောပါတယ်။