Home
မြန်မာသတင်း
မြန်မာ့ရွှေဈေး ၈ သိန်းကျော်အထိ မြင့်တက်
DVB
·
June 15, 2016
ကမ္ဘာ့ရွှေဈေးတက်လာပြီး တချိန်တည်းမှာဘဲ ပြည်တွင်းရွှေဈေးတစ်ကျပ်သားကို ကျပ် ၈ သိန်းကျော်အထိ ရှိလာပါတယ်။ ဇွန်လ ၁၄ ရက်နေ့က ကမ္ဘာ့ရွှေဈေးတစ်အောင်စကို အမေရိကန်ဒေါ်လာ ၆၀ ကျော်အထိ မြင့်တက်လာပြီးနောက် ၈ သိန်းအောက်ရှိနေတဲ့ ပြည်တွင်းရွှေဈေးက ၈ သိန်းကျော်အထိ ဖြစ်လာတာပါ။ ဇွန်လ ၁၄ ရက်နေ့ရဲ့ ရွှေပေါက်ဈေးကတော့ ကမ္ဘာ့ရွှေဈေးတစ်အောင်စကို အမေရိကန်ဒေါ်လာ ၁၂၇၈ ဒေါ်လာဖြစ်ပြီး ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သားကို ၈၀၂၀၀၀ လောက်ရှိတယ်လို့ သိရပါတယ်။ လက်ရှိ ပြည်တွင်းရွှေကွက်မှာတော့ အရောင်းအဝယ်အေးနေတယ်လို့ ရွှေလုပ်ငန်းရှင်တွေက ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024