မြန်မာ့ရွှေဈေး ၈ သိန်းကျော်အထိ မြင့်တက်
DVB
·
June 15, 2016
ကမ္ဘာ့ရွှေဈေးတက်လာပြီး တချိန်တည်းမှာဘဲ ပြည်တွင်းရွှေဈေးတစ်ကျပ်သားကို ကျပ် ၈ သိန်းကျော်အထိ ရှိလာပါတယ်။
ဇွန်လ ၁၄ ရက်နေ့က ကမ္ဘာ့ရွှေဈေးတစ်အောင်စကို အမေရိကန်ဒေါ်လာ ၆၀ ကျော်အထိ မြင့်တက်လာပြီးနောက် ၈ သိန်းအောက်ရှိနေတဲ့ ပြည်တွင်းရွှေဈေးက ၈ သိန်းကျော်အထိ ဖြစ်လာတာပါ။
ဇွန်လ ၁၄ ရက်နေ့ရဲ့ ရွှေပေါက်ဈေးကတော့ ကမ္ဘာ့ရွှေဈေးတစ်အောင်စကို အမေရိကန်ဒေါ်လာ ၁၂၇၈ ဒေါ်လာဖြစ်ပြီး ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သားကို ၈၀၂၀၀၀ လောက်ရှိတယ်လို့ သိရပါတယ်။
လက်ရှိ ပြည်တွင်းရွှေကွက်မှာတော့ အရောင်းအဝယ်အေးနေတယ်လို့ ရွှေလုပ်ငန်းရှင်တွေက ပြောပါတယ်။