ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ လှည်းကူးမြို့မှာ သစ်ပင် ၅၀၀၀ ကျော် စိုက်ပျိုးမည်
ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်မယ့် နိုင်ငံတော် အတိုင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၁ နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အဖြစ် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ဦးဆောင်ပြီး လှည်းကူးမြို့နယ်အတွင်းမှာသစ်ပင် ၅၀၀၀ ကျော် စိုက်ပျိုးသွားမှာ ဖြစ်တယ်လို့ လှည်းကူး မြို့နယ်အလုပ်မှုဆောင်အဖွဲ့က သိရပါတယ်။
အန်အယ်လ်ဒီ လှည်းကူးမြို့နယ် အလုပ်မှုဆောင်အဖွဲ့က ဦးသိန်းလှက “အမျိုးသားပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးလှုပ်ရှားမှု အသွင်ဖြင့် ၂၀၁၆ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို လှည်းကူး မြို့နယ်၊ ဖောင်ကြီးအရှေ့အုပ်စု ငမိုးရိပ်ဆည် ရေဝေရေလဲဒေသနဲ့ မရမ်းချောင်းကျေးရွာတို့မှာ ၂ ကျနော်တို့ မြို့နယ်အနေနဲ့ အဲဒီနေ့မှာတက်ဖို့ ရပ်ကျေးကအဖွဲ့ဝင်တွေကို အကြောင်းကြား ထားပါတယ်”လို့ ပြောပါတယ်။
ပဲခူးရိုးမကနေ စီးဆင်းလာတဲ့ ငမိုးရိပ်ချောင်းကို ဖြတ်ပိတ်ပြီး ငမိုးရိပ်ဆည်အဖြစ် စစ်အစိုးရ လက်ထက်ကတည်းက တည်ဆောက်ထားတာပါ၊အဲဒီဒေသမှာ သစ်တောပြုန်းတီးမှု အများဆုံး ရှိနေပြီး သစ်တောအများအပြားလည်း ဆည်ရေအောက်ရောက်သွားတယ်လို့ သိရပါတယ်။
(သတင်း - ညိုထွန်း)