A d v e r t i s e m e n t With Us

အသက် ၆၈ နှစ်မှ ပညာဆက်သင်နိုင်သည့် နီပေါနိုင်ငံမှ ဇာတ်နိမ့်ကျောင်းသား (ရုပ်သံ)

ဒါဂါကာမီဟာ တပတ်မှာ ၆ ရက်လောက် မနက်ခင်းတိုင်းမှာ ကျောင်းတက်ဖို့ အဆင်သင့် ဖြစ်နေပါတယ်။ အသက် ၆၈ နှစ်ရှိနေပြီဖြစ်တဲ့ ဒါဂါကာမီဟာ နီပေါနိုင်ငံရဲ့ အသက်အကြီးဆုံး ကျောင်းသားတဦး ဖြစ်ကောင်းဖြစ်နေနိုင်ပါတယ်။ ကာမီဟာ ငယ်ရွယ်စဉ် အချိန်တုန်းကတော့ ကျောင်းဆရာတယောက် ဖြစ်ချင်ခဲ့တာပါ။ ဒါပေမယ့် ဆင်းရဲလွန်းတဲ့အတွက် သူ့ရဲ့ ပညာသင်ကြားမှုဟာ မပြီးမြောက်ခဲ့ပါဘူး။ ပြီးခဲ့တဲ့နှစ် အနည်းငယ်ကတော့ ကာမီကို အထက်တန်းကျောင်းတကျောင်းက ပညာဆက်လက်သင်ယူခွင့် ပညာသင်ဆုပေးခဲ့ပြီး ကျောင်းဝတ်စုံတွေနဲ့ စာရေးကိရိယာတွေကို ထောက်ပံ့ပေးခဲ့ပါတယ်။ “ကျနော်မသေခင်မှာ ကျောင်းတက်ပြီး ကိုယ့်ကိုယ်ကိုယ် ပညာတတ်တယောက်အဖြစ် မြှင့်တင်သွားချင်ပါတယ်။ ကျနော်နဲ့ထပ်တူ တခြား ဇာတ်နိမ့်လူမျိုးတွေရဲ့ တစိတ်တပိုင်းအနေနဲ့ ဖြစ်မြောက်ချင်ပါတယ်” လို့ သူကပြောပါတယ်။ အတန်းထဲမှာတော့ ကာမီကို အတန်းဖော်တွေက နီပေါဘာသာစကားနဲ့ ဖခင်လို့ အမည်ရတဲ့ “ဘား” လို့ ခေါ်ကြတာပါ။ သူ့ရဲ့အတန်းဖော်ထဲက တဦးဖြစ်တဲ့ ဆဂါသပါက “ကျနော်တို့ ရှစ်တန်းနဲ့ ကိုးတန်းကိုတော့ အတူတူအောင်မြင်ခဲ့ကြပြီး ဆယ်တန်းရောက်နေကြပါပြီ။ အတန်းထဲမှာ သူမသိတာတွေကို ကျနော်တို့က ကူညီပေးသလို သူကလည်း သူမရှင်းတာတွေရှိရင် တုံ့ဆိုင်းမနေဘဲ မေးလေ့ရှိတယ်” လို့ ပြောပါတယ်။ ကာမီကတော့ သူ့ဘ၀ရဲ့ ကျန်တဲ့အချိန်တွေကို ပညာသင်ကြားရင်းနဲ့ပဲ ဆက်လက်ဖြတ်သန်းသွားနိုင်ဖို့ မျှော်လင့်နေတာပါ။

A d v e r t i s e m e n t With Us

More News
Up