Home
မြန်မာသတင်း
မွန်ဂိုလီးယား-မြန်မာ ၂ နိုင်ငံ ချစ်ကြည်ရေး စီအီးအို ညီလာခံ ကျင်းပ
ကျော်ဇေဝင်း
·
June 15, 2016
မွန်ဂိုလီးယားနိုင်ငံနှင့် မြန်မာနိုင်ငံ နှစ်နိုင်ငံ လုပ်ငန်းရှင်တွေ ပူးပေါင်းပြီး Mongolia-Myanmar CEO Conference ကို နေပြည်တော် The Lake Garden Hotel မှာ ဒီကနေ့ မနက် ၁၀ နာရီက စတင်ကျင်းပနေပါတယ်။ အခု ညီလာခံကို မွန်ဂိုးလီယားသမ္မတ အဲလ်ဘတ်ဒေါ့ခ်ျနဲ့ မြန်မာ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် အပါအဝင် နှစ်ဖက်နိုင်ငံက စီးပွားရေးလုပ်ငန်းရှင် ၁၂၀ ကျော် တက်ရောက်နေကြပါတယ်။ မွန်ဂိုလီးယားသမ္မတ အဲလ်ဘတ်ဒေါ့ခ်ျ ခေါင်းဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာနိုင်ငံ နေပြည်တော်ကို မနေ့ညနေက ရောက်ရှိလာတာပါ။ မွန်ဂိုလီးယားသမ္မတဟာ မြန်မာသမ္မတ ဦးထင်ကျော်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အစိုးရ၀န်ကြီးအချို့နဲ့လည်းတွေ့ဆုံဖို့ရှိပြီး ခရီးစဉ်ဟာ အလုပ်သဘောနဲ့ လာတဲ့ ခရီးစဉ်ဖြစ်တယ်လို့ အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။ ဒီခရီးစဉ်ဟာ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး နှစ် ၆၀ ပြည့်ချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024