A d v e r t i s e m e n t With Us

လမ်းမပေါ်တွင် အမျိုးသမီးတဦးကို ဓားကိုင်ခြိမ်းခြောက်သူအား ၀ိုင်းဝန်းဖမ်းဆီး (ရုပ်သံ)

တရုတ်နိုင်ငံမြောက်ပိုင်း၊ ရှန်ဇီခရိုင်ထဲက လမ်းမတခုပေါ်မှာ ဇွန်လ ၁၃ ရက်နေ့က အမျိုးသားတဦးဟာ ဓားကိုင်ပြီး အမျိုးသမီးတဦးကို ထိုးနှက်ဟန်ပြင်ကာ ခြိမ်းခြောက်ခဲ့ချိန်မှာ လမ်းသွားလမ်းလာတွေက ကယ်တင်ခဲ့ရတယ်လို့ စီစီတီဗွီသတင်းမှာ ဖော်ပြပါတယ်။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ အမျိုးသမီးဟာ လမ်းမပေါ်မှာ ပက်လက်အနေအထားနဲ့ ရှိနေခဲ့ပြီး ခြိမ်းခြောက်သူ အမျိုးသားဟာ ဓားတရမ်းရမ်းနဲ့ ခြိမ်းခြောက်နေခဲ့တာကို တွေ့ရပါတယ်။ အဲဒီအချိန်မှာ လမ်းတဘက်ခြမ်းမှ လမ်းသွားလမ်းလာ အမျိုးသားတဦးက လမ်းကို ဖြတ်ကူးလာကာ ခြိမ်းခြောက်တဲ့ အမျိုးသားရဲ့ လက်ကောက်ဝတ်ကို ဖမ်းဆွဲပြီး တားမြစ်ခဲ့တာပါ။ နောက်ဆုံးမှာတော့ တခြားလမ်းသွားလမ်းလာ အမျိုးသားတွေပါ ၀ိုင်းလာကြပြီး ဓားကိုင်ခြိမ်းခြောက်တဲ့ အမျိုးသားကို ထိုးနှက်ရိုက်ပုတ်ကာ ဖမ်းဆီးနိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up