ကိုပါဖလား အုပ်စုမှ ထွက်ခဲ့ရသည့် ဘရာဇီးအသင်း နည်းပြကို ထုတ်ပယ်

ဓာတ်ပုံ - ရိုက်တာ
ကိုပါဖလားဘောလုံးပြိုင်ပွဲမှာ အုပ်စုအဆင့်ကနေ ထွက်ခဲ့ရလို့ ဘရာဇီးအသင်းက နည်းပြ ဒွန်ဂါကို ရာထူးက ထုတ်ပယ်လိုက်ပါတယ်။ ဘရာဇီးအသင်းဟာ ၁၉၈၇ နောက်ပိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် ကိုပါပြိုင်ပွဲ အုပ်စုအဆင့်ကနေ လှည့်ပြန်ခဲ့ရတာ ဖြစ်ပါတယ်။ နည်းပြ ဒွန်ဂါဟာ ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ နည်းပြတာဝန်ယူကို ယူခဲ့တာပါ။ အသက် ၅၄ နှစ်အရွယ် ဘရာဇီးကစားသမားဟောင်း ဒွန်ဂါဟာ လက်ရွေးစင်အသင်းကို ၂၀၀၆ နဲ့ ၂၀၁၀ မှာ နည်းပြတာဝန်ယူခဲ့ဖူးပြီး ၂၀၀၇ မှာ ကိုပါဖလားကို ရယူပေးနိုင်ခဲ့ပါတယ်။ ဘရာဇီးနည်းပြသစ်အဖြစ် လောလောဆယ်တော့ ကိုရင်သီယန် နည်းပြ ထိုက် (Tite) က ထိပ်ဆုံးက ရေပန်းစားနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up