A d v e r t i s e m e n t With Us

ငါးမျှားချိတ်တွင်မိနေသည့် ငါးကို သိမ်းငှက်တကောင် အလစ်သုတ် (ရုပ်သံ)

ငါးဖမ်းသမားလူငယ်အတွက် ဒါဟာ သဘာဝတရားရဲ့ ခက်ခဲတဲ့ သင်ခန်းစာတခုကို သင်ယူလိုက်ရသလိုပါပဲ။ သူဟာ လှေတစင်းနဲ့ ငါးဖမ်းထွက်နေချိန် ငါးမျှားချိတ်မှာမိနေတဲ့ ရေထဲကငါးကို သိမ်းငှက်တကောင်ရဲ့ အလစ်သုတ်မှု ခံခဲ့ရတာပါ။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ သိမ်းငှက်ဟာ ကောင်းကင်ပေါ်မှာ ပျံဝဲနေခဲ့ပြီး ငါးကို အလစ်သုတ်ဖို့ စောင့်ကြည့်နေခဲ့တာ တွေ့ရပါတယ်။ သိမ်းငှက်ဟာ ရုတ်တရက်ပဲ ပတ်ချာလည်လှည့်ကာ ငါးကို ရုတ်တရက် ထိုးသုတ်လိုက်ချိန်မှာ ငါးဖမ်းသမားကောင်လေးက “အိုး၊ ဖြတ်လိုက်ပြီ။ ငါးကို သူထိုးသုတ်နေပြီ” လို့ အော်လိုက်တာပါ။ သိမ်းငှက်ဟာ ဒုတိယအကြိမ်ထပ်ပြီး ထိုးသုတ်လိုက်ချိန်မှာတော့ ငါးဟာ လွတ်လွတ်ကျွတ်ကျွတ်ပဲ ပါသွားခဲ့ပါတော့တယ်။ “ငါဘာလုပ်ရမလဲ။ ငါဘာလုပ်ရမလဲ” လို့ ကောင်လေးက အော်နေခဲ့ပြီး ဘေးမှာပါလာတဲ့ သူ့အဖော် အမျိုးသားကြီးက ရယ်မောကာ ငါးမျှားချိတ်ကိုသာ ဆက်ကိုင်ထားဖို့ ပြောခဲ့ပေမယ့် အလစ်သုတ်သွားခဲ့တဲ့ သိမ်းငှက်ကတော့ ကင်မရာမြင်ကွင်းကနေ ပျောက်ကွယ်သွားခဲ့ပါပြီ။ “ဒါဟာ ရယ်စရာလည်းကောင်းပါတယ်။ ကျနော့်ဘ၀မှာ တခါမှ ခုလို မကြုံခဲ့ဖူးပါဘူး” လို့ အဲဒီအမျိုးသားကြီးက ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up