
အမေရိကန်ပြည်ထောင်စုက လူသုံးထောင်ကျော် သေဆုံးခဲ့ရတဲ့ ကမ္ဘာ့ကုန်သွယ်ရေးစင် တာ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ရပ်ဟာ အခု စက်တင်ဘာ ၁၁ ရက်နေ့မှာ ဆယ်နှစ်ပြည့် ပါပြီ။ ပါကစ္စတန်မှာမွေးတဲ့ အမေရိကန်နိုင်ငံသူ `တာလတ်ဟမ်ဒါနီ ´ရဲ့သား အသက် ၂၂ နှစ်အရွယ် `ဆလ်မန်´ဟာ မိုးမျှော်တာဝါ ဒုတိယအဆောက်အဦ ပြိုကျချိန်မှာ သေဆုံး သွားပါတယ်။
ဆလ်မန်က ဆေးတပ်ဖွဲ့က တပ်သားလေးတဦးဖြစ်ပြီး ပိတ်မိနေတဲ့လူတွေကို အပြင်ကူထုတ်ဖို့အတွက် အဆောက်အဦထဲ ပြေးဝင်သွားရင်းက အပျက်အစီးနဲ့ လူအုပ် တွေကြား ပိတ်မိပြီး သေဆုံးသွားခဲ့တာပါ။ ဆလ်မန်ရဲ့ ရုပ်အလောင်းကို ရက်သတ္တပတ် ပေါင်းများစွာ ကြာတဲ့ထိ ရှာမတွေ့ခဲ့ပါဘူး။ သူ့ကို ချီးကျူးဂုဏ်ပြုခြင်း မရှိတဲ့အပြင် အကြမ်း ဖက်တိုက်ခိုက်မှုမှာ ပါဝင်သူအဖြစ်နဲ့ သံသယရှိခဲ့ကြပါသေးတယ်။ ရဲတွေက သူ့အိမ်နဲ့ မိသားစုကို အကြိမ်ကြိမ် ရှာဖွေစစ်ဆေးမှုရှိခဲ့ကြပါတယ်။
စက်တင်ဘာ ၁၁ ရက် အကြမ်းဖက်တိုက်ခိုက်ခံရမှု ဆယ်နှစ်ပြည့်အဖြစ် အမေရိကန်က မူဆလင် သူရဲကောင်းလေးအကြောင်းကို နယူးယောက်မြို့က အေရှားကောလင်း သတင်းထောက် Alice Brennan (အဲလစ် ဘရန်နန်) က သတင်းပို့ပေးထားပါတယ်။
(Asia Calling သတင်းဆောင်းပါးကို ရဲမြင့်ကျော် ဘာသာပြန်ပြီး ယုယမိုး စီစဉ် တင်ဆက်ထားတာပါ။)
အသံ နားဆင်ရန်