A d v e r t i s e m e n t With Us

တရုတ်တောင်ပိုင်းတွင် ရုတ်တရက်မိုးသည်း၊ လမ်းများရေလွှမ်းပြီး ကားများ မျောပါ (ရုပ်သံ)

တရုတ်နိုင်ငံတောင်ပိုင်း ကွမ်းရှီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသက လျိုကျိုးမြို့မှာ ဒီနေ့မနက် အစောပိုင်းက ရုတ်တရက် မိုးသည်းလို့ လမ်းတွေရေလွှမ်းပြီး ကားတွေ မျောပါခဲ့သလို မြေနိမ့်ပိုင်းက ဒေသခံ အတော်များများလည်း အိမ်တွေထဲမှာ ပိတ်မိနေခဲ့ကြပါတယ်။ တချို့ဒေသတွေမှာ မိုးရွာချိန် တနာရီအတွင်း မိုးရေချိန် ၁၀ စင်တီမီတာထိ ရောက်ခဲ့တာပါ။ ကားတွေ ရေနဲ့အတူ မျောပါကုန်ပုံတွေကို ရုပ်သံမှတ်တမ်း ရိုက်ကူးနိုင်ခဲ့ပါတယ်။ လျိုကျိုး မိုးလေဝသဌာနက အရေးအကြီးဆုံး အနီရောင်အဆင့် တပ်လှန့်သတိပေးချက်ကို ဒေသစံတော်ချိန် မနက် ၅ နာရီခွဲက ထုတ်ပြန်ခဲ့ပါတယ်။ ကယ်ဆယ်ရေးသမားတွေက မနက် ၈ နာရီခွဲလောက်မှာ ပိတ်မိနေတဲ့ ဒေသခံတွေကို ဘေးကင်းရာ ရွှေ့ပြောင်းခဲ့ပါတယ်။ မိုးက အားပျော့မသွားသေးလို့ ကယ်ဆယ်ရေးလုပ်ငန်းတွေ အခက်တွေ့ နေရပါတယ်။

A d v e r t i s e m e n t With Us

More News
Up