A d v e r t i s e m e n t With Us

အိတ်တွေကို ဖွင့်ခိုင်းသည့် အော်ရန်အူတန် လူဝံ (ရုပ်သံ)

အမေရိကန်ပြည်ထောင်စု လူးဝစ်ဝီလီ တိရစ္ဆာန်ရုံတခုမှာ အော်ရန်အူတန် လူဝံတကောင်က သူ့ကို ကြည့်တဲ့လူတွေ ယူလာတဲ့ အိတ်ကို တခုချင်း ဖွင့်ခိုင်းခဲ့ပါတယ်။ မှန်နဲ့ကာရံထားတဲ့ နောက်ကွယ်ကနေ လက်ညှိးနဲ့ထိုးပြီး ကြည့်ရှုသူတွေရဲ့ အိတ်တွေကို ဖွင့်ခိုင်းနေတာ ဖြစ်ပါတယ်။ ကြည့်တဲ့သူတွေက အိတ်ကို ဖွင့်ပြပေမယ့်လည်း အိတ်ထဲက အိတ်သေးသေးလေးတွေကို လက်ညှိုးထိုးပြီး ထပ်မံဖွင့်ခိုင်းနေတာကိုလည်း ရိုက်ကူးထားပါတယ်။ ဒီဖြစ်ရပ်ကို ရုပ်သံနဲ့ မှတ်တမ်းတင်ထားပြီး America's Funniest Home Videos ဆိုတဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာပေါ်မှာ ဇွန် ၁၂ ရက်က တင်ခဲ့ပါတယ်။ ရုပ်သံမှတ်တမ်းနဲ့ပတ်သက်ပြီး မှတ်ချက်ရေးတဲ့သူတွေကလည်း အော်ရန်အူတန် လူဝံတွေက စပ်စုသလို အရာအားလုံးကို သိချင် စူးစမ်းချင်တယ်လို့ ရေးသားကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up