A d v e r t i s e m e n t With Us

မိုဆူးလ်မြို့ကို အီရတ်စစ်တပ် ပြန်လည်သိမ်းပိုက်ရန် စစ်ဆင်ရေး စတင် (ရုပ်သံ)

အီရတ်နိုင်ငံမြောက်ပိုင်းက အိုင်အက်စ်အကြမ်းဖက်တွေ အခိုင်အမာ ထိန်းချုပ်ထားတဲ့ မိုဆူးလ်မြို့ကို အီရတ်စစ်တပ်က ပြန်လည်သိမ်းပိုက်ဖို့ စစ်ဆင်ရေးစတင်နေပြီး ဇွန် ၁၃ ရက်နေ့မှာ မြို့တောင်ပိုင်းက အခြေခံကျေးရွာတွေကို ဆက်လက်သိမ်းပိုက် ရရှိနေပါတယ်။ အီရတ်စစ်တပ်ဟာ အမေရိကန်နဲ့ မဟာမိတ် လေကြောင်းပစ်ခတ်ပေးမှုတွေနဲ့ မိုဆူးမြို့တောင်ဘက်က တိုက်ဂရစ်မြစ်ကမ်းက ကျေးရွာတွေကို သိမ်းပိုက်နေတာပါ။ တချိန်တည်းမှာပဲ ဆီးရီးယားနဲ့ အီရတ်နိုင်ငံတွေမှာရှိတဲ့ အိုင်အက်စ်အကြမ်းဖက် ထိန်းချုပ်ဒေသတွေကို အမေရိကန်နဲ့ မဟာမိတ်လေတပ်တွေက အရှိန်မြှင့် ထိုးစစ်ဆင်နေပါတယ်။ အီရတ်နိုင်ငံအလယ်ပိုင်းက ဖာလူဂျာမြို့ စစ်ဆင်ရေးမှာလည်း တိုးတက်မှုတွေ ရှိနေတယ်လို့ အီရတ်စစ်တပ် အရာရှိတွေက ပြောဆိုပြီး ဆီးရီးယားနိုင်ငံက အိုင်အက်စ် အကြမ်းဖက်တွေရဲ့ အမာခံမြို့ဖြစ်တဲ့ ရက်ကာမြို့ကို ဘက်ပေါင်းစုံကနေ အမေရိကန်နဲ့ မဟာမိတ်တွေ နောက်ခံတဲ့ သူပုန်တပ်ဖွဲ့တွေ၊ ရုရှားနောက်ခံတဲ့ ဆီးရီးယားအစိုးရတပ်တွေနဲ့ အမေရိကန်မဟာမိတ် ဆီးရီးယားကာ့ဒ်တပ်ဖွဲ့တွေက ၀ိုင်းရံပြီး အပြင်းအထန် ထိုးစစ်ဆင်နေတာပါ။ အခုနှစ်ဆန်းပိုင်းကတည်းက အီရတ်စစ်တပ်က မိုဆူးလ်မြို့ စစ်ဆင်ရေးအတွက် ပြင်ဆင်လာခဲ့ပြီး မတ်လကစပြီး မြို့တောင်ပိုင်းကနေ နယ်မြေတွေကို ဖြည်းဖြည်းချင်း သိမ်းပိုက်နေတာပါ။

A d v e r t i s e m e n t With Us

More News
Up