Home
မြန်မာသတင်း
စစ်ကိုင်းတွင် အဖက်ဒရင်း သိန်း ၃ ထောင်ကျော်ဖိုး ဖမ်းဆီးရမိ
အေးနိုင်
·
June 14, 2016
စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့မှာ ဒီကနေ့မနက် ကားတစီးပေါ်မှာ ၀ှက်ပြီးသယ်ဆောင်လာတဲ့ အဖက်ဒရင်းဆေးမှုန့် ၁၄ ထုတ် ဖမ်းဆီးရမိတယ်လို့ စစ်ကိုင်းမြို့နယ်ရဲတပ်ဖွဲ့က ပြောပါတယ်။ အစိုးရသစ်ရက်တရာစီမံချက်အရ ဒီကနေ့အလှည့်ကျ ညောင်ပင်ဝန်းစခန်းမှူး ရဲအုပ်မြတ်ခိုင်ဦးနဲ့ ပူးပေါင်းအဖွဲ့က ကန်တလူတိုးဂိတ်အနီးမှာ မန်းတလေးကိုလာတဲ့ ခဲရောင် မတ်တူး ယာဉ်နံပါတ် MDY 6 C 9604 ကို ၈ နာရီ ၅ မိနစ်က ရပ်တန့်ရှာဖွေရာမှာ ကားနောက်ခန်းကနေ တွေ့ရှိတာဖြစ်တယ်လို့  စစ်ကိုင်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲအုပ် ပိုင်စိုးအောင်က ပြောပြပါတယ်။ အိန္ဒိယနယ်စပ်မြို့ တမူးဘက်ကနေလာတဲ့ဒီကားဟာ မုံရွာရောက်ပြီး၊ မုံရွာကနေ မန်းတလေးကို အသွားလမ်းမှာဖမ်းမိခဲ့တာဖြစ်ကြောင်းနဲ့ ယာဉ်မောင်းစိုးဦးနဲ့အတူ လိုက်ပါလာတဲ့ ထက်နေဇင် ခေါ် လုံးလုံးတို့ကို စစ်ဆေးနေကြောင်း သူက ပြောပါတယ်။ ဒုရဲအုပ် ပိုင်စိုးအောင်က “အဲဒီသူတို့ကား နောက်က ဘောက်ထဲမှာ တင်လာတာက သရက်သီးနဲ့ ပိန္နဲသီးတွေအုပ်ပြီးတော့ပေါ့နော် တီစူပါအိတ်နှစ်လုံး၊ အိတ်ထဲကို ဖောက်ပြီးတော့ ရှာလိုက်တော့ အက်ဖက်ဒရင်းအထုတ် ၁၄ ထုတ်ပေါ့။ တအိတ်ကို ပီနန်အိတ်တအိတ်ကို ၇ ထုတ်စီပေါ့နော်။ ကျနော်တို့ကတော့ opinion express က ပြန်ကြားခြင်းမရမချင်းကတော့ မူးယစ်ဆေးဝါးဟု ယူဆရသော ဆိုတဲ့စကားလုံးပဲ သုံးလို့ရတယ်ခင်ဗျ။ မူးယစ်ဆေးဝါးလို့ တန်းပြီးသုံးလို့ မရသေးဘူး။ မူးယစ်ဆေးဝါးဖြစ်တယ်ဆိုတာ မှန်ကန်တယ်ဆိုမှာ အဲဒါနဲ့ အရေးယူရမှာ” လို့ ပြောပါတယ်။ “အလေးချိန်က ၆၁ ဒသမ ၅ ကီလိုဂရမ်၊ ကာလတန်ဖိုးငွေကတော့ ၃၀၇၅ သိန်း” ဖမ်းဆီးပြီးနောက် အဆိုပါ လူငယ်နှစ်ဦးကို မြို့မရဲစခန်းမှာခေါ်ဆောင်စစ်ဆေးနေပြီး စစ်ကိုင်းမြို့မ ရဲစခန်းရဲ့ ပ နံပါတ် ၁/၂၀၁၆ နဲ့တရားစွဲတင်သွားမှာဖြစ်ကြောင်းနဲ့ ဆီးစစ်ခြင်း၊ မူးယစ်ဆေးဝါး ဟုတ်မဟုတ် စီအိုင်ဒီကို ပို့ဆောင်ပြီး ပြန်ကြားချက်ခံယူခြင်းစတဲ့ ရဲလုပ်ငန်းတွေ လုပ်ဆောင်နေ ပါတယ်။ ရက်တရာစီမံချက်မှာ စစ်ကိုင်းရဲတပ်ဖွဲ့က မှုခင်းကျဆင်းရေး၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး၊ နိုင်ငံရေးအကျဉ်းသားနဲ့ပတ်သက်လို့ တရားစွဲတင်ထားဆဲ၊ တရားစွဲတင်ထားသူများ ထောင်တွင်း အကျဉ်းကျခံတာတွေနဲ့ပတ်သက်လို့ လွတ်မြောက်ရေးတို့ကို ဆောင်ရွက်နေတယ်လို့ ဒုရဲအုပ်က ပြောပါတယ်။ (ဓာတ်ပုံ - Myanmar Citizen News Agency - MCNA)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024