ဖားကို အရှင်လတ်လတ်စားပြသည့် ရုပ်သံဖိုင် ရေပန်းစား (ရုပ်သံ)

1.6K
တကယ်လို့များ သင်ဟာ နှလုံးနဲ့ အစာအိမ် မကောင်းဘူးလို့ ယူဆရင် ဒီရုပ်သံ ဗွီဒီယိုဖိုင်ကို မကြည့်သင့်ဘဲ ဝေးဝေးသာနေလိုက်ပါ။
ဘာလို့လဲဆိုတော့ ဒီရုပ်သံဗွီဒီယိုဖိုင်ဟာ ဖားအရှင်တကောင်ကို အရှင်လတ်လတ် ကိုက်စားပြတဲ့ အမျိုးသားတဦးရဲ့ စိတ်နှလုံးမသတီစရာ အခြေအနေတခုကို ရိုက်ပြထားလို့ပါပဲ။
ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ အမျိုးသားတဦးဟာ သားငါးဈေးတန်းတခုရဲ့ အလယ်မှာ ရပ်နေခဲ့တာကို တွေ့ရပါတယ်။
အဲဒီနောက်မှာ သူဟာ ရုတ်တရက်ပဲ ဖားအကြီးတကောင်ကို ဆိုင်မှန်ပုံးထဲက ဖမ်းယူလိုက်ပြီး ဖားရဲ့ဦးခေါင်းပိုင်း ပါးစပ်ကို ၂ ခြမ်းကွဲသွားအောင် ဆုတ်ဖြဲပစ်လိုက်ပြီးမှ တစစီ စားပြခဲ့တာကို တွေ့ရပါတယ်။
အံ့အားသင့်နေကြတဲ့ ဈေးဝယ်တွေကြားမှာ သူဟာ မယုံနိုင်လောက်စရာ ပြုံးပြုံးရွှင်ရွှင်နဲ့ စားသောက်ပြခဲ့ပြီး ကျန်ရှိနေသေးတဲ့ ဖားရဲ့ကိုယ်ပိုင်းကို ကိုင်မြှောက်ကာ ကင်မရာဘက်ကို လှည့်ပြခဲ့တာပါ။
အဲဒီရုပ်သံဖိုင်ကို LiveLeak.com အင်တာနက်စာမျက်နှာပေါ် တင်ခဲ့ချိန်မှာတော့ အချိန် ၆ နာရီအတွင်းမှာ ၀င်ရောက်ကြည့်ရှုသူ ရာနဲ့ချီ ရှိနေခဲ့တယ်လို့ မေရာသတင်းတပုဒ်မှာ ဖော်ပြပါတယ်။
ဘယ်မှာရိုက်ကူးခဲ့တယ် ဆိုတာကိုတော့ ဖော်ပြမထားပေမယ့် ဒါဟာ အရှေ့တိုင်းဒေသ တနေရာရာဖြစ်မယ်လို့ သတင်းက ဆိုပါတယ်။