ကုန်တင်ကားကြီးတစီး မီနီဗင်ကားပေါ် အရှိန်လွန်လဲကျ၊ လူ ၆ ဦး သေဆုံး (ရုပ်သံ)

1.6K
တရုတ်နိုင်ငံ အရှေ့ပိုင်းက ဂျန်ဇီး (Jiangxi) ပြည်နယ်မှာ ကုန်တင်ကားကြီးတစီး အရှိန်မထိန်းနိုင်ဘဲ မီနီဗင်ကားပေါ် လဲကျခဲ့လို့ မီနီဗင်ထဲက စီးနင်းလာသူ ကလေး ၂ ဦး အပါအ၀င် လူ ၆ ဦးလုံး သေဆုံးသွားပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၁၂ ရက်နေ့ မနက်ပိုင်း ဂန်ဇူး (Ganzhou) မြို့ အဝေးပြေးလမ်းအ၀င်မှာ ဘိလပ်မြေနဲ့ ကျောက်စရစ်ခဲတွေ သယ်ဆောင်လာတဲ့ကားက မီနီဗင်ကားပေါ် အရှိန်လွန် လဲကျခဲ့တာပါ။
ကုန်ကားပေါ်တင်လာတဲ့ ဘိလပ်မြေနဲ့ ကျောက်သဲတွေ အကုန်မှောက်ကျခဲ့ပြီး ကွန်တိန်နာတခုလုံးလည်း မီနီဗင်ကားပေါ် ကျခဲ့တဲ့အတွက် ဗင်ကားလည်း ပြားချပ်သွားခဲ့ပါတယ်။
ကုန်တင်ကားမောင်းသူကို ဒေသခံရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားပြီး အခုလို မတော်တဆ ဖြစ်ရတဲ့ အကြောင်းရင်း အသေးစိတ်ကို မြို့အာဏာပိုင်တွေက မေးမြန်း စုံစမ်းနေပါတယ်။